[ Zawgyi ]
"6 လကြာသော်..... "
Hyo နဲ့ စေ့စပ်ပြီးလို့ လက်ထပ်ဖို့ 2 လပင်လိုတော့သည်" Beez Beez Beez Beez " phone အသံတိုးထားတာကြောင့် phone လာနေမှန်းမသိခဲ့ပါ အလုပ်ချိန်ဆို မည်သူမျှ သူမဆီ phone မဆက်ရဲ
" Soo "
" Ahh Hyo ကို ဘာကိစ္စရှိလို့လဲ Hyo "
'' ဘာလဲ ကိစ္စရှိမှ phone ဆက်ရမှာလား "
" ကိုယ်ပြောတာ အဲ့လိုသဘောမျိုး မဟုတ် "
Hyo က ကလေးဆန်သည်လေ မသိသေးခင်တော့ ရင့်ကျက်သည်ဟု ထင်ရပေမယ့် တစ်ကယ်တန်း ကလေးဆန်လှသည်
'' ထားပါ Soo ဒီနေ့အားလားဟင် Hyo သွားစရာရှိလို့ လိုက်ပို့နိုင်မလားဟင် "
'' Ahh သွားစရာလား? အဲ့တာကလေ "
" မရဘူးနော် Soo ငြင်းမယ်မကြံနဲ့ လိုက်ခဲ့ရမယ်နော် "
" အင်း ဘယ်အချိန်သွားမှာလား Hyo "
" နေ့လယ် 3:00 လောက်ပေါ့ "
'' အင်း ဒါပဲနော် "
Phone ချပြီးသည်နှင့် အတွင်းရေးမှုးတစ်ဖြစ်လဲ သူငယ်ချင်းဖြစ်သူ Nayeon အားလှမ်းခေါ်ရသည်
'' ဘာခိုင်းစရာရှိလို့လဲ JiJi "
" ဒီနေ့ အချိန်ဇယားဘာတွေလည်း Nayeon "
" 11:00 လောက်ကြရင် SM နဲ့ စာချုပ်ချုပ်ဆိုဖို့ ရှိပါတယ် 12:00 ကြရင် ရှယ်ယာရှင် အစည်းဝေးရှိပါတယ် 2:00 ကြရင် မနေ့က မစစ်ဆေးလိုက်ရတဲ့ ဈေးကွယ်အသစ်ဖြစ်တဲ့ Kic
ShowRoom ကိုသွားရောက်စစ်ဆေးဖို့ ရှိပါတယ် 3:00 ကြရင် YG နဲ့ စာချုပ်ချုပ်ဆိုဖို့ ရှိပါတယ် 5:00 ကြရင် Intifoun Mark ကို သွားရောက် စစ်ဆေးဖို့ ရှိပါတယ် ဒါကတော့ ဒီနေ့ အချိန်ဇယား.အကုန်ပါပဲ "
" Nayeon ya Kic ShowRoom ကို Intifoun Mark ကိုစစ်ဆေးပြီးမှ ဝင်တော့မယ်
YG နဲ့ စာချုပ်ချုပ်ဆိုဖို့ကို 2:00 ကို ရွေ့လိုက် နင်ကတော့ အလုပ်စောဆင်းလို့ ရတယ်နော် "" ကောင်းပါပြီ သွားခွင့်ပြုပါအုံး "
🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
" Hyo ကိုယ်ဒီမှာ "
Hyo က ကစားကွင်းကို လာခဲ့ဖို့ ချိန်းထားသည်မို့ လာခဲ့လိုက်သည် ဒါပေမယ့် Hyo က နည်းနည်း နောက်ကျမှ ပေါ်လာသည်လေ
BINABASA MO ANG
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...