[ Zawgyi ]
" ကျွန်တော် ဘယ်သူလဲဆိုတာ အရေးမကြီးဘူး "
" ဟုတ်ကဲ့ ကျွန်မအတွက်လဲ ရှင်ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး သိလဲမသိခြင်သလို ဂရုလဲမစိုက်ပါဘူး "
Jiji စကားကိုကြားတော့ ထိုအမျိုးသားက ရယ်တယ် ရယ်နေပေမယ့် ထိုအမျိုးသားရဲ့ မျက်ဝန်းတွေထဲမှာရှိတဲ့ ဝမ်းနည်းအရိပ်ယောင်တွေက ပျောက်မသွားဘူး
" ကျွန်တော်သာ လူဆိုးတစ်ယောက် ခင်ဗျားကို ပြန်ပေးဆွဲမယ့် လူတစ်ယောက်ဆိုဘယ်လိုလုပ်မလဲ မကြောက်ဘူးလား?"
" ရှင်သာ ကျွန်မကို ပြန်ပေးဆွဲမယ်ဆိုရင် ဒီလိုမျိုး ထိုင်ပြီးစကားပြောနေကြမှာမဟုတ်ဘူးလေ ကြောက်ရအောင်လဲ ကျွန်မက အားနည်းတဲ့ လိပ်ပြာမဟုတ်ဘူး သန်မာတဲ့ လိပ်ပြာပါနော် "
Jiji စကားကို ထိုအမျိုးက ထပ်ရယ်ပြန်တယ် ဒါပေမယ့် သူလှောင်နေတာမဟုတ်တာတော့ သေချာသိတယ် အင်း..ထိုအမျိုးသားနဲ့ စကားပြောရတာ နည်းနည်းသက်တောင့်သက်တာတော့ရှိတယ်
" Woseok ပါ Choi Woseok တော်တော်များများကတော့ Sike လို့သိကြတယ် ခင်ဗျားနာမည်ကရော "
" Woseok~"
ထိုအမျိုးသားနာမည်ကို လိုက်ရွတ်ကြည့်တော့ ထိုအမျိုးသားက ပြုံးရင်းနဲ့ ခေါင်းညိမ့်ပြတယ်
ဒီနာမည်ကိုကြားဖူးသလိုတော့ရှိသား..." တွေ့ရတာဝမ်းသာပါတယ် Kim Jisoo ပါ ဒါဆို.ကျွန်မ ပြန်ပါတော့မယ် ရှင့်ကြောင့် စိတ်သက်သာရာ ရခဲ့ပါတယ် ဒီနေ့အတွက်ကျေးဇူးပါပဲ Sike"
.....
....." Soo "
ဆိုးလ်ကိုပြန်ရောက်တော့ ည 2:45 ခြံဝင်းထဲက ဒန်းပေါ်မှာ ထိုင်နေတဲ့ young က Jiji ကိုမြင်တာနဲ့ အပြေးရောက်လာတယ် မျက်ဝန်းတွေထဲမှာတော့ တောင်းပန်နေတဲ့အရိပ်ယောင်တွေ..
" Jiji ပင်ပန်းလာလို့ နားတော့မယ် ပြောစရာရှိနောက်နေ့မှပြောတော့ "
Jiji ပြောပြီးတာနဲ့ ဓာတ်လှေကားထဲဝင်သွားတဲ့အထိ young က Jiji ကားရှေ့မှာ ရပ်နေတုံး..
* သိပ်ကို နာကျင်ရပါတယ် young ရယ် *
.....
....." Noona စကားခဏပြောရအောင် "
VOCÊ ESTÁ LENDO
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanficအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...