[ Zawgyi ]
" Noona ဒီနေ့ Minyeon ခွဲစိတ်ခန်းဝင်ရမယ်တဲ့ အောင်မြင်နိုင်ခြေ အရမ်းနည်းတယ်တဲ့ "
ဧည့်သည်တွေအတွက် လုပ်ထားတဲ့ ဆိုဖာမှာ ဝင်ထိုင်ရင်း စိတ်မကောင်းသလိုပြောတဲ့ Young
ပြီးတော့ ဝင်လာတဲ့အတွေးတစ်ချို့က Hyo က မတော်တဆမှု့ဖြစ်ခဲ့တယ်တစ်ဖက်လူကရော ဘာမှဖြစ်မသွားဘူးလား လာမတောင်းပန်ဘူးလား... ဒီအမူ့ကို ပြန်စုံစမ်းဖို့တော့ လိုနေပြီ...
" Young ရောမထင်ဘူးလား Hyo သေသွားတာထူးဆန်းနေတယ်.... "
Jiji စကားကိုကြားတော့ တစ်ခုခုကို ကြောက်ရွံ့သလို အမူရာဖြစ်သွားတဲ့ Young အဲ့နေ့က.Young က အလုပ်မှာရော အိမ်မှာပါရှိမနေခဲ့ဘူး
* မဟုတ်လောက်ပါဘူး.ညီမဖြစ်သူက အစ်မကိုသတ်မှာတော့မဟုတ်လောက်ပါဘူး..*
" ဆေးရုံသွားရအောင် Young "
......
......အရေးပေါ်ခွဲစိတ်ခန်းရှေ့မှာ အရှေ့နဲ့မြောက်လျှောက်ကာ ဂနာမငြိမ်ဖြစ်နေရှာတဲ့ Jennie နဲ့ Lisa မိဘဖြစ်သူတွေကတော့ လက်နှစ်ဖက်ထံ မျက်နှာကိုအပ်ရင်း.ခွဲစိတ်မူ့အောင်မြင်ဖို့ဆုတောင်းနေကြတယ်
3:00 အကြာမှာ ခွဲစိတ်ခန်းတံခါးပွင့်လာပြီး ဆရာဝန်တစ်ဦးထွက်လာတော့ အားလုံးအသည်းသန် အဆင်ပြေဖို့မေးတော့ ဆရာဝန်က စိတ်မကောင်းသလို ခေါင်းကိုခါရမ်းရင်း
" စိတ်မကောင်းပါဘူး ကျွန်တော်တို့ အချိန်ကြာသွားခဲ့တဲ့အတွက် ခွဲစိတ်မူ့အောင်မြင်ပါတယ် 100 မှာ တစ်ယောက်လောက်ပဲ အောင်မြင်တာပါ လူနာကသိပ်ကိုကံကောင်းတယ် ဒါပေမယ့် သတိပြန်ရလာဖို့တော့ ကြာလိမ့်မယ် အခက်မသင့်ရင် ကိုမာဝင်သွားနိုင်တယ် "
......
......အရေးပေါ်လူနာအခန်းရဲ့ ကုတင်ထက်မှာ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အိပ်မောကျနေတဲ့ Minyeon ဒီကလေးက အချစ်ကြောင့်သာ ရူးမိုက်နေတာ သူမက လိမ္မာတယ် Minyeon ပြန်ကောင်းလာရင် သူမနဲ့ သူငယ်ချင်းဖြစ်ခြင်တယ်
" ထမင်းသွားမစားဘူးလား Unnie "
အချိုရည်ဘူးတစ်ဘူးကို ကမ်းပေးရင်း Jiji ဘေးနားမှာဝင်ထိုင်ပြီး စကားဆိုလာတဲ့ shineun ကိုကျေးဇူးတင်ကြောင်းပြောပြီး အချိုရည်ဘူးကိုဖောက်သောက်လိုက်တော့ ချိုချိုခါးခါး အရသာက လည်ချောင်းထဲစီးဝင်သွားတယ်
YOU ARE READING
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...