part 2

3.5K 318 9
                                    

[ Zawgyi ]

အနှစ် 20 ကြာသော အခါ.........

" yah ရုတ်တရပ်ကြီးလား ဒါပေမဲ့ ညနေကြ ချိန်းထားတာ ရှိတယ် "

" _______________ "

" Nae လာခဲ့ပါမယ် Appa "

စိတ်ပျက်လက်ပျက် နှင့်ပင် phone ကို စားပွဲပေါ်တင်ကာ ထိုင်ခုံပေါ် မှီလိုက်သည်

* ငါ့လွတ်လပ်ခွင့်တွေကို ဘယ်တော့များမှ ရမှာလဲ သမီးလည်း ဒီအသက်ရွယ်ရောက်နေပါပြီ Appa ရယ် သမီးဆုံးဖြတ်ချက်ကို သမီးကိုယ်တိုင်ပဲ ဆုံးဖြတ်လို့ မရဘူးလား ဟူးးးးး *

အကြာကြီး ထိုင်နေလို့ မဖြစ် Appa ချိန်းဆိုထားသည့် နေရာကို အချိန်မှီ ရောက်မှ ဖြစ်မည်
လက်မှာပတ်ထားသည့် နာရီလေးအား ကြည့်လိုက်မိတော့ 4:45

Appa က 6:00 အမှီ Shinning ဆိုသည့် နာမည်ကြီး စားသောက်ဆိုင်ကို လာရန် ခေါ်ထားသည်

အချိန်မှီရောက်မှ ဖြစ်မည် 1 min လေးနောက်ကျလို့တောင် မဖြစ် Appa ဒေါသကို အသိဆုံးသူက ကိုယ်တိုင်ဖြစ်နေသည်မို့

" Nayeon ya Nayeon "

" Nae CEO shi ဘာများ ခိုင်းစရာ ရှိလို့ပါလဲ "

" ဘယ်သူမှ မရှိတဲ့အချိန်မှာတော့ ပုံမှန်အတိုင်းပဲ ပြောပါဟာ ကြာရင် နင့်ကြောင့်ပါ ငါစိတ်မွန်းကြပ်လွန်းလို့ သေတော့မယ် "

" ကဲ ဟုတ်ပါပြီ ဘာပြောမလို့လဲ "

Nayeon နဲ့ ကိုယ်က Uni တက်တုံးက ခင်ခဲ့တာဖြစ်သည် ရယ်လိုက်ရင် ထွက်လာတဲ့ ယုန်သွားလေးနှစ်ချောင်းနှင့် ကိုယ်တွေ သူငယ်ချင်းက ချစ်ဖို့ကောင်းသည်

အမြဲ ပေါတောတော နေတတ်ပေမယ့် စာတစ်ကယ်တော်ပါသည် အရည်အချင်းလည်း ရှိသည် ကျောင်းပြီးတော့ Appa ကုမ္မဏီ ကို ဆက်ခံရသည်မို့ အယုံကြည်ရဆုံးဖြစ်တဲ့ Nayeon ကို အတွင်းရေးမှုးအဖြစ် ခန့်ခဲ့သည်

ပုံမှန်အတိုင်းပြောဆိုပါဆိုပေမဲ့ " နင့်ကို လူတွေ မလေးစားပဲ နေလိမ့်မယ် သူတို့ရှေ့မှာတော့ ငါနင့်ကို CEO လို့ပဲ ခေါ်မယ် "
ကဲကြည့် ကိုယ့်သူငယ်ချင်းအတွက်ပဲ အမြဲတွေးပေးတတ်တဲ့ သူငယ်ချင်းမျိုးကို ခင်ဗျားတို့ ပိုင်ဆိုင်ထားပြီလား

မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]Opowieści tętniące życiem. Odkryj je teraz