part 6

2.8K 320 26
                                    

[ Zawgyi ]

နွေးထွေးနုညံနေတဲ့ လက်တစ်စုံကို တစ်သက်စာအဖြစ် ဖမ်းဆွဲလို့ရရင် သိပ်ကောင်းမှာပဲ သို့ပေမယ့် ဒါဟာ မဖြစ်နိုင်တော့တဲ့ အိမ်မက်တစ်ခုအပြင် မပိုဘူးမလား....

" မိန်းကလေးတစ်ယောက်ထဲ ပြီးတော့ မိုးလည်း ချုပ်နေပြီ တော်ရုံတန်ရုံပဲ သောက် ဘာတွေများ အဲ့လောက်ထိ ခံစားနေရလို့်လဲ တစ်ကယ်ပဲ "

ပြောရင်းနှင့်ပင် ထိုသူက မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ Jiji သောက်ဖို့ ငဲ့ထားသည့် ဆိုဂျူးကို ယူသောက်လိုက်သည်

" yaaa တစ်ကယ့်ကိုပဲ korea က ဆိုဂျူးက အကောင်းဆုံးပဲကို "

JiJi ထိုသူရဲ့ အပြုမှုများကို တွေဝေစွာ ငေးနေမိသည် ချောသည်ထက်ကိုပိုသည် မျက်တောင်ကော့ကော့လေးတွေ နှာတံစင်းစင်းလေးတွေ
ဖန်ပုလင်းလို ကြည်လင်ပြီး တောင်ပနေတဲ့ မျက်ဝန်းလေးတွေ နီထွေးထွေး နှုတ်ခမ်းတစ်စုံရယ် ဖြောင့်တန်းနေတဲ့ မျက်ခုံးတွေရယ် သဘောအကျဆုံးဖြစ်တဲ့ ပါးဖောင်းဖောင်းလေးတွေရယ်
မြတ်နိုးရတဲ့ နက်မှောင်နေပြီး ဂုတ်နားသာသာ ရှိတဲ့ ဆံနွယ်တွေက အခုတော့ ကျောလယ်လောက်ထိရှည်နေပြီး ရွှေအိုရောင် ဖြစ်လို့နေခဲ့သည်

သူ့ရဲ့ အရာရာက Jiji ကို အခုထိ ဖမ်းစားနေနိုင်တုံးပါပဲလား......

" ဘာလဲ ငါ့မျက်နှာမှာ တစ်ခုခုပေနေလို့လား ဒါမှမဟုတ် မမြင်ဖူးလို့လား "

" ဒါနဲ့ နင်က Hyo ရဲ့ ညီမလေး မဟုတ်ဘူးလား ကိုယ့်ထက် အကြီးကို unnie လို့ခေါ်သင့်တယ် မဟုတ်ဘူးလား "

" yah? ဘာလို့ နင်တွေ ငါတွေ ပြောနေတာလဲ Noona အရင်လို Young လို့ပြန်ခေါ်ပါ မမှတ်မိတော့တာလား "

Wae Young? Wae အကုန်အဆင်ပြေနေတဲ့ အချိန်ကြမှ ပြန်လာရတာလဲ မေ့နိုင်တော့မယ့် အချိန်ကြမှ wae ထပ်ပေါ်လာပြန်ရတာလဲ
ခုနတုံးက စိမ်းကားသလို လုပ်နေတာ Young မဟုတ်တဲ့အတိုင်း wae ဘာလို့ ငါ့အပေါ်ပဲ ကံကြမ္မာက ရက်စက်နေရတာလဲ

" Young? Young ဆိုတာ ဘယ်သူလဲ ပြီးတော့ မင်းက ယောက်ျားလေး မဟုတ်ပဲ Noona လို့ခေါ်နေရတာလဲ အကြီးကို ယဉ်ကျေးမှုလေးတော့ ရှိသင့်တယ် မကြာခင် မင်းအစ်မနဲ့ လက်ထပ်မယ့် သူပဲကို နည်းနည်းလေးတော့ စကားပြောဆင်ခြင်ပါ Young ဆိုတာ ဘယ်သူလဲ ငါမသိဘူး မင်းနဲ့လည်း အခုမှ ဆုံဖူးတာမို့ မင်းဘာတွေပြောနေမှန်း ငါမသိဘူး "

မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]Dove le storie prendono vita. Scoprilo ora