[ Zawgyi ]
" Minyeon သတိမရသေးဘူးလား Jennie "
Young က Jennie ဘေးမှာဝင်ထိုင်ပြီးမေးတော့ Jennie ကပြုံးကာ ခေါင်းခါပြတယ် Shineun ကကျွန်မနားကိုလာထိုင်တော့ Jonghwar ကပါလာထိုင်တယ်
Jonghwar ဆိုတာက Shineun ရဲ့ချစ်သူ နှစ်ယောက်လုံးကို ပြုံးပြလိုက်ပြီး ကုတင်ထက်က Minyeon ကိုကြည့်ရင်း.သက်ပျင်းသာချမိယုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့...
ပြီးတော့ ဆရာဝန်မတစ်ယောက်နဲ့အတူ Jiseok ပါဝင်လာတယ် Young ကမိတ်ဆက်ပေးထားသည်မို့ သူတို့သုံးယောက်ရဲ့အကြောင်းတွေနဲ့နာမည်တွေကို သိခွင့်ရတယ်
" သတိမေ့နေသေးတာကလွဲပြီး အားလုံးပုံမှန်ပါပဲ တစ်ခုခုထူးခြားနေတာရှိရင် ကျွန်မကို လာခေါ်လိုက်ပါ "
ဂျူတီကုတ်ပေါ်က နာမည်ကိုလှမ်းကြည့်လိုက်တော့ Min Onshin ဆိုသည့်နာမည်က နေရာယူထားတယ် ထို Min Onshin ဆိုသောဆရာဝန်က တစ်ချက်ပြုံးပြပြီး ထွက်သွားတယ်
......
......တစ်ပတ်အကြာမှာ Minyeon ပြန်သတိရလာခဲ့သည်မို့ လူတိုင်းက ပျော်ရွင်နေကြတယ် Minyeon ကြောင့်ရွှေ့ဆိုင်းထားခဲ့တဲ့ မင်္ဂလာပွဲကို နောက်တစ်ပတ်ထဲမှာကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်
" အရာအားလုံးအတွက် တောင်းပန်ပြီး ကျေးဇူးလည်းတင်ပါတယ် ကျွန်မရော ကျွန်မသူငယ်ချင်းတွေကို ဂရုစိုက်ပေးတဲ့အတွက်ရော "
Minyeon က ငိုရင်းပြောလာခဲ့တယ် သူမက အချစ်အတွက်မိုက်ရူးရဲဆန်ခဲ့တာကလွဲပြီး ကြင်နာပြီးနွေးထွေးလွန်းပါတယ် လိမ္မာပြီးကလေးလည်းဆန်တယ်
ရှိုက်ကာငိုနေတဲ့ Minyeon ခေါင်းကိုဖွဖွလေးပွတ်ပေးပြီး နှစ်သိမ့်ပေးမိတယ်
" Unnie ကခွင့်လွတ်တာမို့မငိုနဲ့တော့နော် ခွဲစိတ်ထားတာမကြာသေးဘူးမလား ဖြစ်ခဲ့တာတွေကိုဘာမှမတွေ့ပဲ Unnie နဲ့ညီအစ်မတွေလို နေကြမလား "
ငိုနေရင်းကနေ အရည်လဲ့နေတဲ့ မျက်ဝန်းတွေမော့ကြည့်လာခဲ့ပြီး မျက်ရည်တွေကြားထဲကနေရယ်ကာ ခေါင်းငြိမ့်ပြရှာတယ်
......
......Kim Jisoo and Park Chaeyoung
Wedding
CZYTASZ
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...