[ Zawgyi ]
" Soo က လူကြီးဆန်ဆန်မဟုတ်ပဲ ဒီလိုပုံလေးဆိုလဲ လှပြီးချစ်စရာကောင်းနေတာပဲနော် "
အလုပ်ပိတ်ရက်ဖြစ်တာကြောင့် ဘယ်မှလဲသွားစရာလဲမရှိ ခြံဝင်းထဲက ဒန်းပေါ်မှာ စာအုပ်ကိုယ်စီကိုင်ရင်း စာဖတ်နေကြတာဖြစ်တယ်
ပေါင်လယ်ထိရှည်တဲ့ အင်္ကျီခပ်ပွပွကို ဝတ်ဆင်ထားပြီး ကျောလယ်လောက်ထိရှည်တဲ့ ဆံပင်တွေကို အပြောင်သိမ်းဆည်းကာ ထုံးထားတာဖြစ်တယ်
" Hyo ကတော့ မြောက်နေပြန်ပါပြီ Hyo ကပိုလှတာပေါ့ "
နှစ်ယောက်သားပြိုင်တူရယ်မောလိုက်ကြသည် နာကျင်စရာတွေကိုခဏမေ့ထားပြီး ခဏတစ်ဖြုတ်ဖြစ်ဖြစ် ရယ်မောလိုက်ခြင်တယ်...
" Unnie "
ခေါ်သံကြောင့် လှမ်းကြည့်တော့ ခြံရှေ့မှာ ဘူးတစ်ဘူးကိုင်ကာ ရပ်နေတဲ့ Young ဘေးမှာတော့ Young ရဲ့ချစ်သူဆိုသူက Young လက်ကိုတွဲထားတယ်
Hyo ကတော့ ဒန်းပေါ်ထိုင်နေရာကနေ ထကာ Young ဆီကိုပြေးသွားကာ ခေါ်လာသည်
" Hyo na ငါအပြီးသတ်စရာအလုပ်လေးတွေရှိနေသေးလို့ ည်ီမလေးနဲ့ အေးဆေးပြောနေကြနော် "
....
....မီးဖိုချောင်သို့ အရင်သွားကာ ရှုပ်ရှက်ခက်နေသော စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ပြန်လုပ်လိုက်ရင်း ရေအေးအေးတစ်ခွက်ကို မော့ချလိုက်သည်
" အမေ့!! "
ရုတ်တရက် ဆွဲလှည့်ခံလိုက်ရကာ နံရံဆီသို့ တွန်းပို့ခံလိုက်ရမှုကြောင့် လန့်ကာ အော်မိတော့ Jiji ပါးစပ်ကို လက်နှင့်အုပ်ထားတယ်
" မအော်နဲ့လေ Noona ရဲ့ Young ကဘာမှမလုပ်ပါဘူး "
ပြောရင်း Young ရဲ့လက်တစ်ဖက်က Jiji ရဲ့ပါးပြင်ကို ပွတ်သပ်နေရင်း နှုတ်ခမ်းပါးဆီသို့ ရောက်လာတော့ Jiji အမြန်ရုန်းလိုက်မိတယ် မသင့်တော်ဘူးမဟုတ်လား
" Hyo မပျင်းရအောင် စကားသွာပြောပေးနေလိုက်ပါ ကိုယ်က လုပ်စရာအလုပ်ရှိသေးလို့ အပေါ်တက်တော့မယ် "
မြန်မြန်ထွက်သွားဖို့လုပ်ပေမယ့်လဲ ခေါင်းမာလွန်းသည့် သူက ဖမ်းဆွဲထားပြန်တယ်
YOU ARE READING
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...