Part 5

664 53 1
                                    

"Taeyeon "

"မင်း ဘယ်သူလည်း မင်း ဒီမှာ ဘာလုပ်နေတာလည်း သူခိုးလား  "

Taeyeon မေးနေပေမယ့် Fanyကတော့ အူကြောင်ကြောင်နဲ့ Taeyeon ကို ကြည့်နေသည်

"ရဲခေါ်လိုက်ရမလား "

"နေပါအုံး chaw ရှင်းပြပါရစေ Chawက Tiffanyပါ Seoyeonလေးရဲ့ အရုပ်မပါ "

Tiffany စကားကြောင့် Taeyeon တဟားဟားနဲ့ရယ်လေသည်

"ငါ ပြောတဲ့စကားထဲ ရယ်စရာများ ပါသွားတာလား "

"ဒီမယ် မိန်းကလေး  မင်း ဘယ်သူဘဲ ဖြစ်ဖြစ် ငါ့ကို လာပြီး အကြောင်ရိုက်မလှည့်စားပါနဲ့ အရုပ်မက ဒီမှာလေ "

Taeyeon ပြောပြီး ဖန်အိမ်လေးကို ဖွင့်လိုက်တော့ အရုပ်မကို မတွေ့ရပေ

"အယ် ဘယ်ရောက်သွားတာလည်း ဟေ့ ဟိုကောင်မလေး အရုပ်မကို ဘယ်မှာ ဝှက်ထားတာလည်း ငါ တကယ် ရဲခေါ်မှာနော်  "

Taeyeon အရုပ်မကို မတွေ့ရသောကြောင့် စိတ်တိုပြီး Fanyကို အော်လေသည်

"Chawက တကယ် Tiffanyပါ Seoyeonရဲ့ အရုပ်မ​လေးပါ "

"ဒီမယ် ကောင်မလေး ၂၁ရာစုမှာ ငါ့ကို အရူးလာမလုပ်စမ်းပါနဲ့ ဒီတော့ အရုပ်မကို ဘယ်မှာဝှက်ထားလည်းဆိုတာ ပြောပြ ဒါဆို ရဲကို မခေါ်ဘဲ မင်းကို အေးဆေးလွှတ်ပေးမယ် "

Tiffanyမှာ ဘာမှမပြောဘဲ မီးဖိုခန်းဘက် ဝင်သွားလေသည်

"Hey hey ဘာလို့ သူများအိမ်ထဲ လျှောက်သွားနေတာလည်း "

Taeyeon မီးဖိုခန်းဘက် လိုက်ဖို့လုပ်ပေမယ့် ဓားကိုင်ပြီး ထွက်လာတဲ့ Tiffany ကြောင့် လန့်သွားသည်

"အာ စိတ်ကိုဖြည်းဖြည်းချင်းလျော့ပြီး ဓားကို ချလိုက်ပါ ငါတို့ အေးဆေးစကားပြောမယ်လေနော် "

"ဘာမှမပြောဘဲ ဒီတိုင်း ကြည့်နေပါ chaw အရုပ်မဆိုသာ သက်သေပြမယ် "

Tiffany ပြောပြီး သူမရဲ့လက်ကို ဓားနဲ့ လှီးပြလေသည်

"အား မင်း ဘာလုပ်တာလည်း "

Taeyeonမှာ မျက်လုံးမှိတ်ပြီး အသားကုန်အော်လေသည်

"မျက်လုံးဖွင့်ကြည့်ပါအုံး Taeyeon "

Living DollWhere stories live. Discover now