#zawgyi
Flashback
Taeyeon အခန်းတံခါးဆောင့်ဖွင့်ဝင်သွားတော့ Yuriနဲ့ Hyoyeon တို့ တိုးတိုးတိတ်တိတ်နဲ့ စကားပြောနေကြသည်
"ဘာတွေ ပြောနေကြတာလည်း "
Tiffany သိချင်တာနဲ့မေးလိုက်သည်
"Taeyeonက ချစ်တယ်ဆိုတာ ပြောဖို့ ငြင်းနေတာကို အတင်းတုပ်နေတာ "
Yuriဆီက ချစ်တယ်ဆိုတဲ့ စကားလုံးလေးကြားတော့ Tiffany ရင်ထဲ တလှပ်လှပ်နဲ့ ခံစားရသည်
"ချစ်တယ်.....အဲ့တာက ဘာအဓိပ္ပါယ်လဲဟင် "
Tiffanyလည်း မေးရော Yuriတို့ Devil smile တွေနဲ့ပြုံးပြီး
"မင်းနဲ့ Taeyeon တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်ရှိနေတာကို ပြောတာ "
"ဟင်....Hyoyeon ဘာပြောတာလည်း ငါ နားမလည်ဘူး "
"Taeyeonကို မေးကြည့်လိုက် သွား.... ငါတို့လည်း ပြန်တော့မယ် အေးဆေးစကားပြောကြနော် "
Tiffany ကို Taeyeon အခန်းရှေ့ Yuri လိုက်ပို့ပြီး ထွက်ပြေးသွားကြသည်End of Flashback
"Tiffany ဘာတွေတွေးနေတာလည်း လာလေ "
Tiffany တံခါးပေါက်မှာ ရပ်ပြီး တွေးနေသောကြောင့် Taeyeon မှာ Tiffanyရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်
"ဘာတွေ တွေးနေတာလည်း "
"ဘာ ဘာမှမဟုတ်ပါဘူး ဘယ်သွားမလို့လည်း "
"မင်း မြို့ထဲ မရောက်ဖူးသေးဘူးမလား ကိုယ် လိုက်ပို့မယ် ဒိတ်လုပ်ကြတာပေါ့ "
"ဒိတ်....ဒိတ်ဆိုတာ ပြက္ခဒိန်ကဟာမျိုးလား Seoyeonပြောတာ ကြားဖူးလို့ "
Tiffany စကားကြောင့် Taeyeon သဘောကျပြီး ရယ်လိုက်သည်
"မဟုတ်ပါဘူး ဒိတ်ဆိုတာ လူနှစ်ယောက်တည်း လျှောက်သွားကြတာကို ပြောတာ "
"Aww "
"Come on"
Taeny တို့ ကားဖြင့် မြို့ထဲသို့ ထွက်လာကြသည်
ကြီးမားတဲ့ အဆောက်အဦးရှေ့ရောက်တော့ Taeyeonကားရပ်လိုက်သည်
Tiffany ကားပေါ်က ဆင်းတော့ Taeyeonလည်း ကားပါကင်ထိုးပြီး Tiffany လက်ကို တွဲလိုက်သည်