#zawgyi
Taeyeon အလုပ်လည်း ပြီးရော Company ကနေ အိမ်ကို တန်းပြန်လာသည်
စိတ်ထဲမှာလည်း Yuriပြောတဲ့ စကားတွေကြားပြီး သူ့သမီးကို ဆုံးရှုံးရသလိုမျိုး Tiffanyကို ဆုံးရှုံးရမှာ Taeyeon ကြောက်သည်
Taeyeon သူမ အိမ်ရှေ့ရောက်ရောက်ချင်း သူမဖုန်းသံမြည်လာသည်
Taeyeon ဖုန်းခေါ်သူကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားတယ်......
"အေးပြော မင်း ဘာလိုချင်လို့လည်း Seolhyun "
"Good Evening Taeyeon....နေကောင်းရဲ့လား "
"ငါ မင်းနဲ့ဟာသတွေ ပြောနေဖို့ အချိန်မရှိဘူး မင်း ဘာလိုချင် ဘာဖြစ်ချင်နေပြန်တာလည်း ဟမ် "
"တို့ လိုချင်တာ တစ်ခုတည်း Kim Taeyeonကို လိုချင်တာ.....တို့ကို ပြန်လက်ခံလို့ မရဘူးလား ဟင်...အရင်ကလို ရှင့်ကို နာကျင်အောင် မလုပ်တော့ဘူးလို့ ကတိပေးပါတယ်....ပြီးတော့ ရှင့်နှလုံးသားထဲ တို့ရှိနေသေးတယ်လို့ ယုံကြည်နေသေးတယ် "
"ဟာသတွေ ပြောမနေနဲ့ Seolhyun ငါ မင်းကို မချစ်တော့တာကြာပြီ မင်းကို ချစ်မိလို့တောင် ငါ နောင်တရမိသေးတယ် '
"ရှင့်ရဲ့ မှော်အရုပ်မလေးကြောင့် တို့ကို မချစ်တော့တာလား Taeyeon "
Seolhyun စကားကြောင့် Taeyeon အရမ်းလန့်သွားတယ်.....
"မင်း မင်း ဘာပြောလိုက်တယ် "
"ငှက်ကလေးတစ်ကောင်က လာပြောတာပါ Taeyeonက သူလုပ်ထားတဲ့ ပလက်စတစ်အရုပ်မလေးကို ချစ်နေတာတဲ့ "
"အေး ဟုတ်တယ် သူက အပြင်ပန်းက ပလက်စတစ်ဆိုပေမယ့် မင်းလို နှလုံးသားက ပလက်စတစ် ဖြစ်နေတာ မဟုတ်ဘူး Seolhyun "
Taeyeon ဒေါသထွက်ပြီး ပြောတဲ့စကားကြောင့် တစ်ဖက်က Seolhyun ရယ်လိုက်သည်
"ခစ်ခစ် Taeyeon...ရှင့်စကားတွေက တို့ကို နာကျင်မယ်ထင်နေတာလား ....ရှင် ဘာပြောပြော ရှင့်ကို ချစ်နေလို့ နာရကောင်းမှန်းတောင် မသိတော့ဘူး "
"မင်း ရူးနေတာဘဲ "
"ရှင်သာ တို့ဆီ ပြန်မလာရင် ပိုရူးသွားမှာ သေချာတယ်.....ဘယ်လိုလုပ်ရမလည်း ရှင့်ဘေးနားက လူက အရုပ်မပါလို့ တစ်ကမ္ဘာလုံး သိအောငိ ပြောရမလား....အဲ့လို ပြောရင် ဘယ်သူမှ ယုံမှာတော့ မဟုတ်ဘူး "