#Zawgyi
Taeyeon တို့ companyကို ရောက်တော့ companyက ဝန်ထမ်းတွေက Taeyeonတို့ကို ဝိုင်းကြည့်နေကြသည်
"Wow ကောင်မလေးက လှလိုက်တာ Bossရဲ့ ချစ်သူလား မသိဘူး "
"အရုပ်မလေးလို လှလိုက်တာ..... "
"မတရားလိုက်တာ Bossကို ငါ ကြံမလို့ပါဆို "
"Bossရဲ့ မိန်းမဟောင်း ဒီသတင်းသိသွားရင် ဘယ်လိုဖြစ်သွားမလည်း! "
Taeyeon ဝန်ထမ်းတွေ ပြောစကားကို မကြားချင်ယောင်ဆောင်ပြီး ဓာတ်လှေကားကို စောင့်နေရင်း Tiffany သူ့နားမှာ မရှိလို့ လှည့်ကြည့်တော့ Tiffanyမှာ စင်တာအလည်လောက်မှာ ရပ်နေသည်
"Tiffany လာလေ "
"ခဏ Tae....."
Taeyeonကို လက်ကာပြပြီး ဝန်ထမ်းတွေကို Lisa ကြည့်လိုက်သည်
"အားလုံးဘဲ မင်္ဂလာပါ chawက Taeyeonရဲ့ သူငယ်ချင်း Tiffanyပါ ဒါကြောင့် အကြောင်းမသိဘဲ သူ့ရဲ့ အရင်မိန်းမအကြောင်း ဇွတ်မပြောကြပါနဲ့ ဘာလို့လည်းဆိုတော့ သူ့ကို နာကျင်စေလို့ပါ နားလည်ကြလားမသိဘူး "
Tiffany ပြောတာတွေ နားထောင်ပြီး Taeyeon စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်
အမှန်တိုင်း ပြောရရင် Seolhyunနဲ့ ပတ်သက်ပြီး Taeyeon ဂရုမစိုက်ဘူး ဝန်ထမ်းတွေ ဘယ်လိုအတင်းတုပ်တုပ် Taeyeon မကြားချင်ယောင်သာ ဆောင်ပြီး ဂရုမစိုက်ဘဲ နေခဲ့သည်
Taeyeon သက်ပြင်းချကာ Tiffany လက်ကို ဆွဲပြီး ဓာတ်လှေကားထဲ ခေါ်သွားလေသည်
Taeyeon ရဲ့ ရုံးခန်းကို ရောက်သောအခါ
"Tiffany မင်း ဒီလိုလုပ်စရာမလိုဘူး သိလား "
"ဒါပေမယ့် Taeကို နာကျင်အောင်လုပ်ခဲ့တဲ့သူကို..... Taeရှေ့ ပြောစရာမလိုဘူးလေ....သူတို့လုပ်နေတာ မဟုတ်သေးဘူး "
Tiffanyက သစ္စာဖောက်ခံခဲ့ရတဲ့ ခံစားချက်ကို သိမှမသိတာ ......Tiffany ပြောတာ မှန်ပေမယ့်လည်း Taeyeon တစ်ယောက်တည်း နာကျင်ခံစားချင်တယ် ဘယ်သူ့ကိုမှ သူလုပ်ခဲ့တဲ့အမှားထဲ
ဆွဲထည့်ပြီး မခံစားစေချင်ပါ"ရပါတယ်......မင်းကို နာကျင်ခံစားရအောင် လုပ်ခဲ့တဲ့သူကို မြဲမြဲမှတ်ထား အသည်းစွဲအောင်မှတ်ထား......ဘာလို့လည်းဆိုတော့ သူက မင်းကို ဒီထက်ပိုပြီး သန်မာအောင် အမှားတွေကို သတိထားရှောင်မိအောင် သင်ပေးခဲ့လို့ဘဲ "