#zawgyi
Taeyeon တစ်ယောက် Nickhunနဲ့အတူ Tiffany ကို လိုက်ရှာရင်း သူမတို့ Companyနားက ပန်းခြံတစ်ခုကို Tiffany သွားခဲ့တဲ့အကြောင်း ပြန်သတိရပြီး ကားကို company ဘက်ပြန်ကွေ့လိုက်သည်
"Yah yah ကားကို ဘယ်လိုမောင်းနေတာလည်း "
Nickhunမှာ ရုတ်တရက်လန့်ပြီး အော်လိုက်သည်
"Tiffany ရှိတဲ့နေရာ ငါသိပြီ.......ဒါနဲ့ မင်း ကားပေါ်ကဆင်း "
"ဘာ ဘာလို့ ငါဆင်းရမှာလည်း မဆင်းနိုင်ဘူး Tiffanyနဲ့ ငါပြောစရာရှိတယ် "
"မရဘူး ဆင်း "
"မဆင်းဘူး မင်း မညစ်နဲ့ "
Taeyeonနဲ့ Nickhun ငြင်းခုံရင်း ပန်းခြံဘက်ရောက်လာသည်
Taeyeon ကားပါကင်ထိုးနေတုံး Nickhunမှာ ကားပေါ်ကဆင်းပြေးပြီး ပန်းခြံထဲဝင်ကာ Tiffanyကို လိုက်ရှာလေသည်
Taeyeonလည်း ပါကင်မြန်မြန်ထိုးပြီး Nickhun နောက် ပြေးလိုက်သွားသည်
Tiffanyကို လိုက်ရှာရင်း ခုံတန်းပေါ်မှာ ထိုင်နေတဲ့ Tiffanyကို တွေ့တော့ Nickhun ပျော်ပြီး ပြေးဖက်လေသည်
"Tiffany.....လိုက်ရှာလိုက်ရတာ '
Taeyeonမှာ Tiffanyကို Nickhun က ဖက်တာမြင်ပြီး ဒေါသတွေထွက်လာသည်
Nickhunကို ဆွဲပြီး Taeyeon ပိတ်ရိုက်လေသည်
"အား "
"Tae"
"မိန်းကလေးဖြစ်နေလို့ မင်းကိုငါ ပြန်မထိုးတာနော် မင်း လွန်တာများနေပြီ "
Nickun အရိုက်ခံရတဲ့ သူ့မျက်နှာကိုကိုင်ရင်း အော်လိုက်သည်
"Tae....ခဏရှောင်ပေးပါလား chaw သူနဲ့ နှစ်ယောက်တည်း ပြောစရာရှိလို့ '
"ဟင် Fany...."
"သူပြောတာ မကြားဘူးလား ငါနဲ့နှစ်ယောက်တည်းပြောစရာရှိလို့တဲ့ "
"ဒါပေမယ့် "
"စိတ်ချပါ Tae....chaw Taeဆီဘဲ ပြန်လာမှာပါ သူနဲ့ ရှင်းစရာလေးရှိလို့ "
Tiffany အာမခံလို့ Taeyeon သက်ပြင်းချလိုက်သည်
"ကောင်းပြီလေ ကိုယ် အရှေ့မှာ ရှိမယ် ပြီးရင်လာခဲ့ "