Part 11

490 47 2
                                    

#Zawgyi

Tiffany အိမ်မက်ကနေ လန့်နိုးလာသည်....

"ဘာလည်းဟ.........ဒါက လူတွေ ပြောနေကြတဲ့ အိမ်မက်ဆိုတာလား....ဒါပေမယ့် ငါ ဘာလို့ အဲ့လိုမက်ရတာလည်း....Nickhun ဆိုတာရော ဘယ်သူလည်း....."

Tiffany စိတ်တွေရှုပ်ပြီး Seoyeonရဲ့ အခန်းထဲကနေ ထွက်လာခဲ့သည်

ထို့နောက် ရေခဲသေတ္တာဘက် သွားပြီး ရေခဲသေတ္တာထဲက ရေဘူး ထုတ်ယူလိုက်သည်

Tiffany ရုတ်တရက်ကြီး အာခြောက်သလို ခံစားရလို့ ရေအမြန်သောက်ပြီး ဖန်ခွက်ကို စားပွဲခုံ တင်လိုက်ပေမယ့် ချော်ပြီး အောက်ကို ကျကွဲသွားသည်

"အာ..."

Tiffany ဖန်ကွဲအပိုင်းအစတွေကို လိုက်ကောက်ရင်း ဖန်ကွဲရှပြီး လက်ညှိုးမှ သွေးတွေထွက်လာသည်

"ငါ့ လက်ညှိုးက ဘာဖြစ်တာလည်........ဘာလို့ အနီရောင် အရည်တွေ ထွက်လာတာလည်း....."

Tiffany ခုနောက်ပိုင်း သူမကိုယ်သူမ ထူးဆန်းလာသလို ခံစားရလို့ ပန်းခြံမှာ တွေ့ခဲ့တဲ့ အဘွားကြီးကို တွေ့အောင်ရှာဖို့ တွေးလိုက်သည်

ဒါဆို သူမ ဘာဖြစ်နေမှန်း အဲ့အဘွားဆီက သိနိုင်ပြီလေ

"မင်း သူမကို ရှာတွေ့ပြီလား Nickhun "

Tiffanyကို ရှာမတွေ့သေးသောကြောင့် သူ့ယောက္ခမရဲ့ မေးခွန်းကို Nickhun ပြန်မဖြေနိုင်ပေ

"သူမကို ဘယ်နေရာမှ ရှာမတွေ့ဘူး Mom..ကျွန်တော် မျှော်လင့်ချက်တွေ တဖြည်းဖြည်း လျော့လာပြီဗျာ "

"Nick....သားရယ် စိတ်ဓာတ်မကျပါနဲ့ အယ် သား မေမေဆီက ဖုန်းလာနေတယ် ကိုင်လိုက်အုံး "

"Hello မေမေ...."

"သား Nickhun သားအတွက် သတင်းကောင်းပါတယ် "

"ဗျာ ဘာသတင်းလည်း မေမေ"

"မေမေ ခု ရှေ့ဖြစ်ဟောဆီ ရောက်နေတာ.....Tiffanyက အခု အရုပ်မဖြစ်နေတယ်တဲ့....အရုပ် company ပိုင်ရှင်က သူ့ကိုအသက်သွင်းထားတာတဲ့ "

"ဟာ....ဖြစ်နိုင်ပါ့မလား မေမေရာ......ဘယ်လိုလုပ် အရုပ်ဖြစ်မှာလည်း "

"ဟဲ့ ဒီရှေ့ဖြစ်ဟောက တော်တော်နာမည်ကြီးတာနော် "

"တော်ပါပြီ မေမေရာ...."

Living DollWhere stories live. Discover now