Part 7

456 37 2
                                    

"Seoyeonလေး ကောင်းရာဘုံရောက်သွားမှာပါ "

စိတ်မကောင်းဖြစ်နေတဲ့ Tiffanyကို ဖက်ပြီး Taeyeon နှစ်သိမ့်ပေးနေသည်

"ဒါနဲ့ Tae အလုပ်မသွားဘူးလား "

Fany မေးတော့ Taeyeon ပြုံးပြီး

"ငါက သူဌေးလေ အလုပ်ကို သွားချင်တဲ့အချိန်သွားလို့ရတယ် မသွားဘဲနေလည်း ရတယ် ခုတော့ ငါ မင်းကို ပိုသိချင်လို့ အလုပ်မသွားဘဲ လေ့လာမလို့ "

Taeyeon စကားကြောင့် Tiffany မျက်နှာလေး ပန်းရောင်သန်းသွားတော့ Taeyeon သဘောကျပြီး ရယ်လေသည်

"Haha ငါတော့ ထပ်ပြီး ပန်းရောင်ခြယ်ပေးရတော့မယ် "

"Tae....အဲ့လိုပြောတော့ စိတ်ထဲ တစ်မျိုးကြီး ခံစားနေရတယ်....."

Tiffany ပြောတော့ Taeyeon ခေါင်းညိတ်ပြီး တစ်စုံတစ်ခုကို ပြောဖို့ကြံရွယ်တုံး ကားစက်သံကြောင့် ဧည့်ခန်းက ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်

"Ash အရူးနှစ်ယောက်လာပြန်ပြီ "

Taeyeon ကြည့်ရာကို Fany လိုက်ကြည့်လေသည်

"Tiffany မင်း ခဏလောက် ပုန်းနေလို့ရလား "

"Aunty Sooyoungနဲ့ Hyoyeonလား "

"အန်တီ ဘယ်သူ.... !"

"Aunty Soooyoung နဲ့ Hyoyeon....Seoyeonလေးက သူတို့ကို အဲ့လိုခေါ်တာလေ"

"အဲ့တာ ခဏထား အမြန်ပုန်း"

Ting Tong....

Door Bell သံကြောင့် Fanyကို အမြန် ပုန်းခိုင်းပြီး Taeyeon တံခါးသွားဖွင့်ပေးလေသည်

"ဆိုဂျူ ဝယ်လာတယ် "

ဆိုဂျူ ပုလင်းတွေထည့်ထားတဲ့ အိတ်ကို ကိုင်မြှောက်ပြတဲ့ Hyoyeonတို့ကို ကြည့်ပြီး Taeyeon နောက်ပြန်လှည့်ကြည့်တော့ အရုပ်အိမ်လေးထဲ ရောက်နေတဲ့ Fanyကို တွေ့ရလေသည်

Tiffanyရှေ့က ဖြတ်သွားတဲ့ Hyoyeon တို့ကို ကြည့်လိုက် Hyoyeonတို့သွားသမျှ ခေါင်းလှည့်ပြီး ကြည့်နေတဲ့ Tiffanyကို ကြည့်လိုက်နဲ့ Taeyeon မူးနောက်နေသည်

"Taeyeon ဘာလို့ အရုပ်ကို စိုက်ကြည့်နေရတာလည်း "

အရက်နည်းနည်းမူးနေတဲ့ Hyoyeonမှာ အရုပ်ကို စိုက်ကြည့်နေတဲ့ Taeyeonကို ဟောက်လိုက်သည်

"Taeyeon သောက်လေ ဘာလို့ မသောက်တာလည်း "

"Sorry Soo ငါ သောက်ချင်စိတ်မရှိလို့ "

"မင်းက ပျော်ရွှင်မှုကို သတ်နေတာဘဲ "

Taeyeon ဆိုဂျူ သောက်ချင်စိတ် တကယ်မရှိတာပါ သူမစိတ်ထဲ Sooyoungတို့ရန်ကနေ Tiffanyကို ဘယ်လိုကာကွယ်ရမလည်းဘဲ တွေးနေမိသည်

"နင် အရုပ်ကိုဘဲ ကြည့်နေတာ တော်တော် ဂရုစိုက်နေတာနော် အရုပ်ကို "

"Seoyeonလေးက အဲ့အရုပ်ကို တော်တော်ချစ်တာဟ ငါကလည်း အဲ့အရုပ်လေးကို ဂရုစိုက်ပေးမယ်လို့ Seoyeonလေးကို ကတိပေးထားတာ "

Taeyeon စကားတောင်မဆုံးသေး Hyoyeon မှာ အရုပ်မလေး Tiffany ဆီသို့ ထသွားလေသည်

"Yah Kim Hyoyeon ပြန်လာခဲ့စမ်း "

Taeyeonလည်း Hyoyeonနောက် ထလိုက်သွားသည်

"Taeyeonကလည်း ငါက လှတဲ့အရုပ်လေးတွေဆို သဘောကျတာ သိရက်နဲ့ "

"မရဘူး နင်တို့ မူးနေပြီ လာ အိမ်ပြန်ရအောင် "

Tiffany ကို ယူတော့မယ့် Hyoyeonလက်ကို ပုတ်ချပြီး Hyoyeonကို ဆွဲခေါ်သွားလေသည်

"Come on Guys အိမ်ပြန်မယ် ငါ နင်တို့ကို လိုက်ပို့ပေးမယ် "

Taeyeonမှာ အမူးသမား သူ့သူငယ်ချင်း​တွေကို အိမ်ထဲက​နေ ဆွဲထုတ်ပြီး ကားပေါ်သို့ တင်လိုက်သည်

ထို့နောက် အိမ်ထဲကို ပြန်ဝင်ပြီး အရုပ်မလေး Tiffanyကို ကြည့်ကာ

"ကိုယ် သူတို့ကို ပြန်လိုက်ပို့ပေးလိုက်အုံးမယ် ကိုယ့်ကို စောင့်နေနော် "

Taeyeon မှာစရာရှိတာ မှာပြီး အိမ်ထဲက ထွက်လာသည်

"စောင့်နေပါတယ် Tae....."

Tiffany အရုပ်မကနေ လူပြန်ပြောင်းပြီး ပြတင်းပေါက်ကနေ ကြယ်လေးတွေကို ကြည့်နေသည်

"Seoyeon.....Mommy Seoyeonလေးကို အရမ်းသတိရတာပဲ "

Mommyဆိုတဲ့ အသုံးအနှုန်းဟာ သူတို့နှစ်ယောက်ထဲ ရှိချိန်ဆို Tiffanyကို Seoyeonလေး ခေါ်နေကျ အသုံးအနှုန်းလေးပါ

Mommyဆိုတဲ့ အဓိပ္ပါယ် Tiffany သေချာမသိပေမယ့် Seoyeonလေးက သူမကို Mommyလို့ ခေါ်တိုင်း Tiffany နွေးထွေးသလို ခံစားရသည်

"Tiffany .....Tiffany ကိုယ့်ဆီ ပြန်လာခဲ့ပါ........Tiffany....."

Fany ကြယ်တွေကို ကြည့်ရင်း သူမနာမည်ကို ခေါ်သံကြားရသည်.....

"ဘယ်သူလဲ "

Tiffany သူမကို ဘယ်သူခေါ်နေတာလည်းဆိုပြီး နေရာအနှံ့လိုက်ရှာပေမယ့် မတွေ့ရပေ

Horvejkul !

#TBC

Living DollDonde viven las historias. Descúbrelo ahora