Part 22

351 49 1
                                    

#zawgyi

Taeyeon အိပ်ရာက နိုးလာတော့ သူမရဲ့ အရုပ်မလေးကတော့ အိပ်နေဆဲပင် ဖြစ်သည်

ထို့ကြောင့် အရုပ်မလေး မနိုးစေရန် Taeyeon တိတ်တိတ်လေး ထပြီး သူမအတွက် မနက်စာ ပြင်ပေးဖို့ Storeဆိုင်သို့ သွားလေသည်

Tiffany နိုးလာတော့ အရမ်းမွှေးတဲ့ ဟင်းအနံ့က Tiffany ကို အခန်း အပြင်ထွက်စေရန် ဆွဲဆောင်နေသည်

Tiffanyလည်း အိပ်ချင်မူးတူးနဲ့ ထလာပြီး မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်သောအခါ Blondeအရောင်နဲ့ ဆံပင်လေးကို စည်းထားပြီး အင်္ကျီလက်ကို ခေါက်ကာ ဟင်းချက်နေတဲ့ Taeyeonကို တွေ့ရလေသည်

"Tae Tae....."

Tiffanyမှာ အနောက်ကနေ Taeyeonရဲ့ ခါးလေးကို ဖက်လေသည်

"နိုးပြီလား Fany.....ကိုယ် မင်းအတွက် ကင်မ်ချီထမင်းကြော်နေတာ "

"နိုးပြီ မွှေးလွန်းလို့ ထလာတာ "

"Aigoo အစားပုပ်လေးပါ မျက်နှာသွားသစ်ရင်း ခဏစောင့် ရခါနီးပြီ ...."

"Nae...."

Tiffany မျက်နှာသစ်ပြီး ပြန်လာတော့ စားပွဲခုံပေါ်မှာ Breakfast က အဆင်သင့်ဖြစ်နေပြီ

Taeyeonတို့ မနက်စာစားရင်း

"Fanyရေ မင်းကို ကိုယ် ပေးစရာရှိတယ် "

"Wae...."

Taeyeon ဘေးက ခုံပေါ်တင်ထားတဲ့ ဖုန်းဘူးလေးကို ကောက်ယူလိုက်သည်

"ရော့ ဒီမှာ Fany အတွက် "

"ဟင် ဘာလေးလည်း "

"ဖုန်းလေ..... Fanyအတွက် ဖုန်းဝယ်လာတာ....ကိုယ် အလုပ်သွားနေချိန်မျိုး Fanyက ကိုယ့်ကို သတိရရင် ကိုယ့်ဆီဖုန်းဆက်လေ ...ဒီမှာ ပထမဆုံးက ကိုယ့်နံပါတ် အကယ်၍ ကိုယ့် ဖုန်းကိုဆက်မရရင် Hyoတို့ ဖုန်းဆီဆက်ဖို့ ထည့်ပေးထားတယ်....."

"Gomawo Tae....."

"မနက်စာစားပြီးရင် ရေချိုးပြီး အပြင်ထွက် ဒိတ်ကြမလား "

"သိပ်ကောင်းတာပေါ့....."

Taenyတို့ နှစ်ယောက် ရေချိုးပြီး အပြင်ထွက်ဖို့ ပြင်ဆင်လေသည်

"ကစားကွင်းကို သွားမလား Fany...."

"ဟုတ်......."

Taenyတို့ နှစ်ယောက် ကစားကွင်းထဲသို့ ဝင်လာကြသည်......

Living DollOnde histórias criam vida. Descubra agora