Part 20

367 61 4
                                    

#zawgyi

"ဘယ်လိုလုပ်မှ စိတ်ဆိုးပြေမှာလည်း Tae Taeရ......"

Taeyeon အိမ်ပြန်ရောက်တဲ့အထိ ရုပ်တည်နဲ့ နေနေလို့ Tiffany Aegyoအသံလုပ်ပြီး မေးလိုက်သည်

"Please chawကို ခွင့်လွှတ်ပေးပါ Tae Tae က Tiffanyကို ခွင့်လွှတ်ပေးနိုင်မလားဟင် "

Tiffany မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး Aegyo လုပ်ပြသောအခါ Taeyeon ရုပ်တည်နဲ့ ဆက်မနေနိုင်ဘဲ အရည်ပျော်သွားခဲ့သည်

"ဒီကိုလာခဲ့ "

Taeyeon လက်ဆန့်ပေးထားတော့ Taeyeon ရင်ခွင်ထဲ Fany ပြေးဝင်သွားသည်

Taeyeonလည်း Tiffanyကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်

"နောက်တစ်ခါ ဘယ်ကောင်လေးနဲ့မှ အဲ့လိုမလုပ်ရဘူးနော် ကြားလား "

"ဟုတ် "

"အခု ကိုယ်တို့အခန်းထဲမှာ သွား နားနေလိုက် ကိုယ် အလုပ်သွားလိုက်အုံးမယ် "

"ကိုယ်တို့အခန်း....chawက Seoyeon အခန်းမှာ​နေတာ​လေ...... "

"အခုကစပြီး ကိုယ့်အခန်းမှာနေပြီး ကိုယ်နဲ့အိပ်ရမယ် နားလည်လား "

"ဟုတ် "

Tiffanyကို ဖက်ပြီး Taeyeonနမ်းမလို့ရှိသေး Bell သံကြောင့် လန့်သွားတယ်

"ဘယ်သူလည်း မသိဘူး..."

Taeyeon တံခါးဖွင့်လိုက်တော့ ဆေးသေတ္တာကြီးကိုင်ပြီး သူမကိုပြုံးပြနေတဲ့ ဆရာဝန် Yuriကို တွေ့ရလေသည်

"Yuri ဘာလာလုပ်တာလည်း "

"Tiffany ကို စစ်ဆေးကြည့်ချင်လို့ '

Yuri ပြောပြီး အိမ်ထဲဝင်လိုက်သည်

"Chawကို ဘာလို့လည်း "

"Tiffany မင်းက လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားကြောင်း ငါတို့လည်း မသေချာဘူးကွာ အခုမှ ​ပြောင်းလဲခါစရှိသေးတယ် ဒါမို့လို့ ထပ်သေချာအောင် အတည်ပြုချင်လို့ "

Yuriပြောပြီး ဆိုဖာမှာ ထိုင်လိုက်သည်

"Tae...အကယ်၍ တစ်ခုခုမှားယွင်းသွားရင်ရော....chaw လူဖြစ်မှာမဟုတ်တော့ရင်ရော......အရုပ်မဘဲ ပြန်ဖြစ်သွားရင်ရော....chawလေ Tae ကို တစ်ယောက်တည်း မထားနိုင်ခဲ့ဘူး "

Living DollWhere stories live. Discover now