#zawgyi
Tiffany အကြောင်း သိတဲ့နေ့က စပြီး Yuriတို့ Taeyeon အိမ်ကို နေ့တိုင်းနီးပါး လာလည်နေကြသည်
အဆိုးဆုံးကတော့ Yuriနဲ့ Hyoyeon....Taeyeonတောင် တစ်ခါတစ်ခါ သူ့သူငယ်ချင်းတွေကို အမြင်ကတ်နေမိသည်
"Tiffany မင်းကို ငါ မေးစရာရှိတယ် "
Yuri စကားကြောင့် Taeyeon Tv ကြည့်နေရာကနေ မသိမသာ Tiffanyကို လှမ်းကြည့်လိုက်သည်
Tiffanyကတော့ ဧည့်ခန်းထဲ တံမြက်စည်းလှည်းနေရာကရပ်ပြီး
"ဘာမေးမလို့လည်း "
Tiffany ပြုံးပြီး ပြန်ပြောလိုက်တော့ Taeyeon အံ့သြပြီး မျက်ခုံးပင့်မိသွားသည်
"အံမယ် ငါ့အပြင် သူက တခြားသူတွေနဲ့တောင် တရင်းတနှီးပြောနေတယ် "
"မင်း ဘာလို့ အရမ်းချစ်ဖို့ကောင်းနေတာလည်း "
Yuri မျက်စိမှိတ်ပြပြီး မေးတော့ Taeyeon မျက်မှောင်ကြုတ်မိသွားတယ်Tiffany ပြန်မဖြေခင် Taeyeon ကြားဖြတ်ဝင်ဖြေလိုက်သည်
"ဘာလို့လည်းဆိုတော့ ငါ ဖန်တီးထားလို့ပေါ့ဟဲ့ ပေါက်ကရမေးတာတွေ ရပ်တော့ "
"နေပါအုံး Yuriက သူ့ဘာသာသူ မေးတာကို နင်က ဘာတွေဖြစ်နေတာလည်း သဝန်တိုနေတာလား "
Hyoyeon စကားကြောင့် Taeyeon ရှက်ပြီး နာရွက်တွေ နီရဲလာတယ်
"သဝန်တိုတယ်ဆိုတာက မင်းချစ်ပြီး ဂရုစိုက်တဲ့သူက တစ်ခြားသူကို ချစ်ပြီး ဂရုစိုက်မှာကို မလိုလားတဲ့ခံစားချက်မျိုး ဒါမှမဟုတ် မင်းမှာမရှိတဲ့အရာက သူများထဲရှိနေတဲ့အခါ လိုချင်လာတဲ့ ခံစားချက်မျိုးတဲ့ Taeက အဲ့လိုပြောဖူးတယ် ဒါဆို Taeက Chawကို ချစ်နေတာလား "
Hyoyeon စကားကို Tiffany ပြန်ဖြေလိုက်သည်
Tiffany စကားကြောင့် Taeyeon ရင်တွေအရမ်းခုန်သွားတယ်
"Tiffany မေးနေတယ်လေ ပြန်ဖြေလိုက် Taeyeon "
Sooyoungက ကြားကနေ ဝင်မြှောက်ပေးနေပြန်သည်
"အား မသိတော့ဘူး "
Taeyeon အော်ပြီး အခန်းထဲ ပြေးဝင်သွားတယ်Taeyeon ကုတင်ပေါ်ထိုင်လိုက်ပြီး