Part 17

401 48 3
                                    

#zawgyi

Taeyeon ရဲ့ အဝတ်တွေကို Tiffany ခေါက်သိမ်းပြီး သူ့ဘီဒိုထဲ ထည့်ပေးနေသည်

Taeyeonကလည်း Company မှာ အစည်းအဝေးရှိလို့ ဆိုပြီး အိမ်မှာရှိမနေပေ

အရင်ရက်ပိုင်းကတော့ Tiffany ဘေးနား Taeyeon အမြဲရှိနေပေးခဲ့ပေမယ့် Nickhun ကြောင့် စိတ်ရှုပ်နေမယ်ဆိုတာလည်း Tiffany သိနေပါတယ်

Nickhunကြောင့် ယခုဆို Tiffanyနား အစောင့်တွေတောင် Taeyeon ထားပေးထားသည်

Tiffanyလည်း စိတ်ရှုပ်နေသည် ဘာလို့ဆို Nickhunက သူ့ယောင်္ကျားဆိုပြီး ပြောနေခြင်းကြောင့် ဖြစ်သည်

"ပန်းခြံမှာ တွေ့ခဲ့တဲ့ အဘွားကိုလိုက်ရှာရမယ် သူက​တော့ အဖြေသိမှာ သေချာတယ် "

အဘွားအိုကို လိုက်ရှာဖို့ Tiffany စိတ်ဆုံးဖြတ်လိုက်သည်

Taeyeonကတော့ သူမကို စိတ်တိုနေမယ်ဆိုတာ Tiffany သိပေမယ့် Tiffanyမှာတော့ ရွေးချယ်စရာမရှိပေ

အတွေးတွေက Tiffanyကို ဝါးမျိုနေပြီး သူ့ကိုယ်သူ ဘယ်သူလည်းဆိုတာ Tiffany တကယ် သိချင်မိသည်

ထို့ကြောင့် အခန်းပြတင်းပေါက်ကနေ အစောင့်တွေ မသိအောင် ခုန်ချ ဆင်းပြီး ထွက်ပြေးသွားတယ်

Taeyeon meeting ပြီးလို့ ကော်ဖီသောက်နေတုံး လက်ထဲက ကော်ဖီခွက်က ရုတ်တရက် အောက်ကို ပြုတ်ကျသွားသည်

တစ်ခုခု ဖြစ်တော့မယ်ဆိုတာ Taeyeon သိလို့ စိတ်တွေ လှုပ်ရှားနေသည်

ထိုစဉ် Taeyeonဆီသို့ ဖုန်းဝင်လာသည်

"Hello "

"Boss.....Tiffany အိမ်က ထွက်ပြေးသွားလို့ "

အစောင့်တစ်ယောက်ရဲ့ စကားကြောင့် Taeyeon ခေါင်းတစ်ခုလုံး ပေါက်ထွက်သွားတော့မလို ခံစားသွားရတယ်

"ဘာ ဘယ်လို "

"မမလေး Tiffany က အခန်းပြတင်းပေါက်ကနေ ခုန်ချပြေးသွားတာ "

"မင်းတို့ကို ငါက ဘာလုပ်ဖို့ စောက်ဆံကုန်ခံပြီး ငှါးထားတာလည်း ဟမ် အသုံးမကျလိုက်တာ ခုချက်ချင်း ဆိုးလ်တစ်မြို့လုံးကို မြေလှန်ရှာ "

Taeyeon ချက်ချင်းဘဲ Companyကနေ Tiffanyကိုရှာဖို့ ထွက်လာလိုက်သည်

Companyရှေ့တွင် မတွေ့ချင်ဆုံးသော Nickhunကို တွေ့ရလို့ Taeyeon ပိုစိတ်တိုသွားသည်

Living DollWhere stories live. Discover now