Part 16

401 52 3
                                    

#zawgyi

"Nickhun "

Tiffany သူမကိုယ်တိုင်မသိလိုက်ဘဲ Nickhun နာမည်ကို ခေါ်မိသွားသည်

Nickhunကတော့ မျက်ရည်တွေကြားကနေ Tiffany ကို ပြေးဖက်လေသည်

"နောက်ဆုံးတော့ ကိုယ် မင်းကို ရှာတွေ့ပြီ "

Nickhunဆိုတဲ့ အမျိုးသားက သူမကို ပြေးဖက်လို့ Tiffany လန့်သွားတယ်

"သူလား ငါ့အိမ်မက်ထဲက တစ်ယောက်က💭 "

"Nickhun သူ့ကို လွှတ်လိုက် "

Nickhunဆီကနေ Tiffanyကို Taeyeon ဆွဲယူလိုက်သည်

"ဘာတွေဖြစ်နေကြတာလည်း Seolhyun မင်းက ဒီကို ဘာလာလုပ်တာလည်း ပြီးတော့ Nickhun မင်းကရော ဘာလာလုပ်တာလည်း ဘာလို့ Tiffanyကို ဖက်ရတာလည်း "

Taeyeonမေးနေပေမယ့် Tiffanyမှာတော့ Nickhunက သူမကို စိုက်ကြည့်နေလို့ လက်တွေအေးစက်နေသည်

"ဒီတစ်ယောက်က နင်တို့ companyရှေ့မှာ ရပ်နေလို့ ငါခေါ်လာတာ ငါကတော့ Suprise အနေနဲ့ရောက်လာတာ ဒါပေမယ့် ငါဘဲ Suprise ဖြစ်သွားတယ် ရော် "

"Guys...ငါနဲ့ Nickhun စကား ခဏပြောလိုက်အုံးမယ် "

"ငါလည်း ပြောမယ်...."

Seolhyun ဝင်ပြောတော့ Yuriနဲ့ Sooyoungမှာ Seolhyunကို ဆွဲထုတ်သွားလေသည်

"သူ့ကို နောက်ဆုံး ရှာတွေ့ပြီဆိုတာ ဘာသဘောလည်း Nickhun "

"မင်း ဘေးနားမှာ ရှိနေတဲ့ ကောင်မလေးက ငါ့မိန်းမ......"

Nickhun စကားကြောင့် Tiffany အရမ်းလန့်သွားသည်

"ငါက သူ့မိန်းမ....ဘာတွေဖြစ်နေတာလည်း 💭"

"ဘာတွေ လျှောက်ပြီး ပြောနေတာလည်း သူက မင်းကို အခုမှ မြင်ဖူးတာ ပြီးတော့ သူက "

"အရုပ်မလေ ငါ သိတာပေါ့ "

Nickhun ဖြတ်ပြောလိုက်လို့ Taeny တို့ အံ့သြသွားကြသည်

"မင်း ဘယ်လိုသိတာလည်း "

"ငါ့ Tiffanyက ၈လပိုင်း ၁ရက်နေ့မှာ Accident ဖြစ်ပြီး ဆေးရုံတင်လိုက်ရတယ် ...ဒါပေမယ့် ဆေးရုံကပျောက်သွားတယ်......ဘယ်မှာမှရှာမရဘူး Taeyeon.... .မင်း တစ်ခုခုမတွေးမိဘူးလား "

"အဲ့နေ့က ငါ Tiffanyဆိုတဲ့ အရုပ်လေး လက်စသတ်ပြီးတဲ့နေ့ဘဲ "

Taeyeon အသံတွေက တုန်နေပေမယ့် Tiffany လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်

Living DollDonde viven las historias. Descúbrelo ahora