Zawgyi....ပိုဖလံလေးတွေဟာ သူတို့လောင်ကျွမ်းမှာကို သိရက်နဲ့ မီးကိုဘာဖြစ်လို့တိုးဝင်တယ်လို့ ကိုကိုထင်လဲ....
ပူလောင်နာကျင်စေမယ်ဆိုတာကို သိပေမဲ့ ဒီအလင်းလေးဟာ သူတို့အတွက် အလင်းပေးနိုင်တဲ့နေရောင်နဲ့မှားပြီးဝင်တိုးမိကြတာတဲ့။အသိမဲ့တဲ့ပိုးဖလံလေးဟာ အလင်းကိုပဲ့ကိုင်ပြီးပျံသန်းနိုင်တဲ့ အကောင်လေးတွေမို့ သူတို့ ကို သတ်ချင်တဲ့အခါ မီးထွန်းပြီးသတ်ကြတယ်...။တနည်းအားဖြင့် ထောက်ချောက်ဆင်ဖမ်းကြတာပေါ့။
အသိဥာဏ်နည်းတဲ့ အကောင်လေးတွေဟာ မီးရောင်ကိုနေရောင်အမှတ်မှားကာဝင်တိုးရင် သေပွဲဝင်ခဲ့ကြတယ်။မချစ်တတ်တဲ့သူဆီက အချစ်ကိုတောင်းခံနေတဲ့ ကျွန်တော်ကကော ။
ပိုးဖလံလေးလို နေရောင်နဲ့မမှားဘဲ နာကျင်စေမယ်ဆိုတာ သိသိရက်နဲ့ ဝင်တိုးမိတဲ့ ဒီကောင်က ပိုးဖလံလေးထက် အသိဥာဏ်နည်းပါးနေခဲ့တာမလား။
ပိုးဖလံလေးဖြစ်တဲ့ကျွန်တော့အတွက် ကိုကိုဆိုတဲ့ ဖယောင်းတိုင်လေးက ပူလောင်စေမဲ့မီးဆိုတာ သိသိရက်နဲ့ တိုးဝင်ချင်တဲ့ ခိုနားရာလေးဘဲ။သေလောက်အောင်ပူလောင်နာကျင်မယ်ဆိုရင်တောင် ကျွန်တော်တိုးဝင်နေအုံးမှာဘဲ.... မသေသရွှေ့။
..
..
.." သားငယ်လေး...ကျူရှင်မသွားဘူးလား...ထူးထူးဆန်းဆန်း.."
ရေကူးကန်ဘေးမှာခြေဆင်းထိုင်ကာ လောလီပေါ့စုပ်နေတဲ့သားတော်မောင်က ဒီတစ်ရက်နှစ်ရက်မှာထူးထူးဆန်းဆန်း ကျောင်းကပြန်လာရင် သူ့ကိုကိုအိမ်မဝင်ဘဲနဲ့ အိမ်ကိုတန်းပြန်လာနေတာကြောင့် မေးလိုက်တာဖြစ်သည်။
" မသွားဘူး..."
" ဟမ်...ဟုတ်ကောဟုတ်ရဲ့လား ဝမ်ရီပေါ်ရယ် သားငယ်ဘဲ ကိုကို စာမပြရင် စာမတတ်တော့မဲ့ပုံမျိုး မားကိုပူဆာပြီးတော့အခုတစ်လတောင်မရှိသေးဘူး...မတက်တော့ဘူးဆိုတာကမဟုတ်သေးဘူးနော် သားငယ် "
ဒီကလေး အထက်တန်းပြီးဖို့အရေး ဆိတ်ရဲ့ဟိုဟာ ခွေးမျှော်သလို ဖြစ်နေပြီ။
ပထမတစ်နှစ်ကလည်း နေမကောင်းတာနဲ့ ကျောင်းပျက်တာနဲ့ နားလိုက်ပြီးပြီ။
အခုတစ်နှစ်မှာလည်း ပထမနှစ်ကိုပြီးနောက်ဆုံးနှစ်ကျတော့ ဟိုလိုဒီလိုလုပ်လို့ နားရပြန်ပြီ။အခုနောက်ဆုံးနှစ်လေးကိုတော့ စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားပါစေဆိုပြီး အလုပ်များတဲ့ဆရာဝန်ကို ရှေ့မျက်နှာနောက်ထားပြီး အပူကပ်။အင်း အဆင်ပြေပြန်တော့လည်း အခုကြည့် မတက်ပြန်တော့ဘူး ဆိုတော့ ဒီသားတစ်ယောက် အထက်တန်းပြီးမဲ့ကိစ္စ ဘယ်တော့မှငြိမ်းချမ်းမဲ့ပုံမပေါ်။
YOU ARE READING
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fanfictionromance ,sweet and dramaလေးပါးပါးလေးပါမှာပါ...