Zawgyi
နူးညံ့လွန်းတဲ့နူတ်ခမ်းတစ်စုံ ကို ထိတွေ့တဲ့အခိုက် ဝိုင်းစက်သွားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက သူနှလုံးသားတစ်ခုလုံးကိုနောက်ဆုတ်ရခက်စေတဲ့ ကြိုးတစ်ပင်လို။
သူဒီလိုလုပ်လို့ခဲ့အတွက် ကိုကိုကသူ့ကို ဒေါသနဲ့တုန့်ပြန်မယ်လို့ထင်ခဲ့ပေမဲ့ ဘာစကားမှမတုန့်ပြန်ခဲ့သလို သူကိုယ်တိုင်လည်း တောင်းပန်စကားမဆိုခဲ့။
တောင်းပန်ရလောက်အောင် အမှားလုပ်ခဲ့တယ်လို့ သူမယူဆခဲ့လို့ သူမတောင်းပန်ခဲ့တာပေမဲ့ ကိုကိုကကော ဘာဖြစ်လို့ စိတ်ဆိုးတဲ့အရိပ်အယောင်မပြခဲ့တာလား။
ကိုကိုကသူကိုနည်းနည်းလေး ပြန်ချစ်လာပြီဆိုတဲ့သဘောလား။
အတွေးနဲ့တင် အတွင်းကလီစာတွေပြောင်းပြန်ဖြစ်သွားသလို ရင်ခွင်ထဲပိုက်ထားတဲ့ခေါင်းအုံးကို ဆီလီကွန်တွေပေါက်ထွက်လာအောင် ကိုက်စားပလိုက်သည်။"ဒီလိုနေလို့ မဖြစ်ဘူး ရေမိုးချိုးပြီး ကိုကို့ဆီသွားရမယ်။ပြီးရင် နေ့လည်ကိုကို duty အားတဲ့အချိန် ကိုကိုနဲ့အတူ နေ့လည်စာအတူတူသွားစားမယ်။
ကျစ် တွေးနေတာကြာတယ် မြန်မြန်လုပ်မှ။"တစ်ယောက်တည်းပြောကာ ကုတင်ပေါ်ကနေခုန်ထပြီးရေချိုးခန်းသို့တန်းဝင်လိုက်သည်။
ရေချိုးဖြီးလိမ်းပြင်ဆင်လို့ပြီးတာနဲ့ အိမ်အောက်ကိုဆင်းလာတဲ့လမ်းမှာ အောက်ကနေပြေးတက်လာတဲ့ လော့လော့ နဲ့ယမ်ယမ် ပြေးတက်လာတာတွေ့လိုက်သည်။" အကိုလေး..အကိုလေး...ဘယ်သွားမလို့လဲ"
" ဘာဖြစ်နေတာလဲ အလန့်တကြားနဲ့ ကိုကိုဆီသွားမလို့လေ"
"ဟို ...သခင်မကမှာထားပါတယ်အကိုလေးကို ဆေးရုံကိုမသွားဖို့"
လော့လော့စကားကြောင့် သူမျက်မှောင်ကျုံ့လိုက်ကာ တစ်ခုခုဖြစ်နေတယ်ဆိုတာတန်းသိလိုက်သည်။
" ဘာကြောင့်လဲ ငါကဘာဖြစ်လို့ ဆေးရုံမသွားရတဲ့အကြောင်းပြချက်ကဘာလဲ....."
သူ့မေးတဲ့မေးခွန်းကို လော့လော့နဲ့ယမ်ယမ် ကဖြေချင်ပုံမရ ။နှစ်ယောက်သား ဖြေရခက်တဲ့ပုံစံနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
BẠN ĐANG ĐỌC
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fanfictionromance ,sweet and dramaလေးပါးပါးလေးပါမှာပါ...