ချစ်သော Doctor ❤ 12

7.3K 602 79
                                    

" ဝမ်ရီပေါ်....."

ဟိန်းထွက်လာတဲ့ ပါးပါးရဲ့အသံက ဒေါသနဲ့အော်လိုက်ပေမဲ့ စိုးရိမ်စိတ်တွေလွှမ်းမိုးနေတာ သူသိသည်။
သူ့ကိုတင်းကျပ်စွာဆွဲထားတဲ့ သက်တော်စောင့်တွေရဲ့ လက်တွေကြားရုန်းကန်နေရင်း

" သားသွားမှဖြစ်မယ် ပါး...သား..သား...ကိုကို့ကို အဆုံးရှုံးမခံနိုင်ဘူး...."

" ခွပ်....."

မျက်နှာပေါ်ကျရောက်လာတဲ့ ပါးပါးရဲ့လက်သီးတစ်ချက်က သူ့မျက်နှာကိုလည်ထွက်သွားရလောက်အောင် ပြင်းထန်ပေမဲ့ နာကျင်ရကောင်းမှန်းမသိ။
ပူလောင်နေတဲ့ရင်အစုံက မှန်တွေအထပ်ထပ်ကာထားတဲ့ အခန်းထဲက ဖြူလျော့နေတဲ့ ကိုကို့ မျက်နှာသည်သာ သူ့ကိုကမ္ဘာပျက်စေသည်။

" မင်းကသူမရှိလို့မရသလို ငါတို့အတွက် မင်းကမရှိမဖြစ်ဘူး ဆိုတာ နားမလည်ဘူးလား ဝမ်ရီပေါ်...လူပေါင်းများစွာနဲ့ ယှဉ်လာရင်တောင် ကိုယ့်သွေးသားကိုဘဲ ရွေးချယ်မှာ မိဘတစ်ယောက်ရဲ့အတ္တကွ အဲဒါမင်းနားလည်လား...မင်းမား မသိခင် အိမ်ပြန်လိုက်တော့... မင်းတို့တွေလည်း နောက်တကြိမ် ထပ်ဖြစ်ရင် အကုန်အလုပ်ထုတ်ပစ်မယ်....."

" ပါး...ပါး......"

သက်တော်စောင့်တွေရဲ့လက်ထဲ ရုန်းကန်အော်ဟစ်ရင်းပါသွားတဲ့ သားဖြစ်သူကိုကြည့်ရင်း ရိုက်မိလိုက်တဲ့လက်ကို မုန်းတီးစွာနဲ့ နံရံကို အားနဲ့ထိုးလိုက်မိသည်။

သားခံစားချက်ကိုနားလည်ပေမဲ့ ဘယ်သူ့အတွက်ကြောင့်နဲ့မှ သားကိုအဆုံးရှုံးမခံနိုင်တာ မိဘတစ်ယောက်ရဲ့ အတ္တပေ။
အခုအခြေအနေက သူတို့ဆေးရုံအတွက်အရေးပေါ်အခြေအနေမို့ ဘာဆိုဘာမှအတိအကျမပြောနိုင်သေး။

Corona virus ဟုတ်မဟုတ်ဆိုတာကလည်း စစ်ဆေးနေတုန်းမို့ ပိုစိတ်ချရအောင် အခန်းခွဲထားတာဖြစ်သည်။
ဒီကြားထဲ လူနာကလေးကို တာဝန်ယူပေးနေရတဲ့ ဆရာဝန် ရှောင်ကျန့်က အဖျားပါနည်းနည်းရှိနေတော့ အခြေအနေက သူတို့မိသားစုနဲ့ တာဝန်ခံဆရာဝန်ရယ် သူနာပြုရယ်ကို သတ်မှတ်ခန်းထဲမှာထားဖို့ဖြစ်သွားရတာဖြစ်သည်။
နာမည်ကြီးဆေးရုံမို့ အပြင်ကိုသတင်းမပေါက်ကြားအောင်ထိန်းထားတဲ့ကြားက သားကဘယ်လိုသိသွားလဲမသိ။
အစကနေ ရှောင်ကျန့်နဲ့ပတ်သက်လာရင် အစွန်းရောက်နေတဲ့ခံစားချက်တွေရှိတဲ့အပြင် စိတ်ခံစားလွယ်တဲ့ သားရီပေါ်အကြောင်းကို သိတာကြောင့် မသိအောင်ထိန်းထားတဲ့ကြားက ကားကိုကိုယ်တိုင်မောင်း ဝရုန်းသုန်းကားမောင်းလာတဲ့ သားကြောင့် တော်တော်စိုးရိမ်သွားခဲ့သည်။မောင်းတတ်ပေမဲ့ အသက်မပြည်လို့ လိုင်စင်တောင်မရှိသေးတာကို ။

ချစ်သော ...Doctor ❤ (Zawgyi & Unicode)Where stories live. Discover now