ချစ်သော....Doctor ❤4

7.7K 970 184
                                    

(Zawgyi)

" အား......ပါးပါးနဲ့မားမားမကောင်းဘူး... ဟီး..."

" အမလေး..."

" ဟဲ့ ပလုတ်တုတ်...!"

TVမှာ လာနေတဲ့ လူသတ်ကားကို အားလုံးစိတ်ဝင်တစားအာရုံစူးစိုက်ကြည့်နေတဲ့အချိန် ရုတ်တရက် ထအော်လိုက်တဲ့ သားတော်မောင်ကြောင့် ဝမ်ပါးပါးနဲ့ မားမားမှာ ထခုန်မတတ်လန့်ဖျန့်သွားရကာ ဝမ်ပါးပါးရဲ့ လက်ကလည်း ရီပေါ်ရဲ့ ဇတ်ပိုးကို အော်တိုရောက်ပြီးသား။

" ဖြောင်း.....မင်းဂွေးကဏန်းညှပ်လို့သေမတတ်အော်နေတာလား ဝမ်ရီပေါ်..."

" ဟွင်း....ဂွေးကဏန်းညှပ်တာက ဟုတ်အုံးမယ် အခုဟာက ပါးပါးအသုံးမကျလို့ ဂွေးညှပ်တာထက်ခံရခက်နေတာပေါ့ "

ဝမ်ပါးပါးမှာ နေရင်းထိုင်ရင်း သူ့နာမည်ပါလာတာကြောင့် နှာခေါင်းဖျားနားမှာတင်နေတဲ့ မျက်မှန်ဝိုင်းအောက်ကနေ ကျော်ကြည့်ကာ

" ပြောစမ်းပါအုံး တရုတ်နိုင်ငံရဲ့ ထိပ်သီးစီးပွားလုပ်ငန်းရှင်ထဲ ပါတဲ့ ငါ့ရဲ့ အသုံးမကျတဲ့ နေရာလေးကို "

လူတကာလေးစားအားကျရလောက်တဲ့ အခိ အရည်အချင်းရှိကာ စီးပွားရေးအကွက်မြင်လွန်းတဲ့ အတွက် အောင်မြင်နေတဲ့ သူ့ရဲ့ ဂုဏ်သတင်းကသူနဲ့ကျမှ အသုံးမကျသလေး ဘာလေးနဲ့လာပြောနေတာကြောင့် မခံချင်စိတ်နဲ့မေးလိုက်သည်။
ဝမ်မားမားကတော့ ဖြစ်နေကြသားဖနှစ်ယောက်ရဲ့တိုက်ပွဲကို ဝင်မပါဘဲ အေးဆေး TV ကြည့်နေလိုက်သည်။

" ပါးတို့ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ..."

လက်နှစ်ဖက်နောက်ပစ်ကာ ကျားရုပ်အကျီဝတ်ထားတဲ့ ငမွှေထိုးလေးကတော့ ခပ်တည်တည်နဲ့ စစ်ဆေးရေးစဝင်နေပြီ။

" 27 နှစ် "

" သားအသက်ဘယ်လောက်ရှိပြီလဲ...."

" ဖြောင်း...ကိုယ့်အသက်တောင်ကိုယ်မသိရအောင်ရူးသွားပြီလား....ဝမ်ရီပေါ်.. ."

ထပ်ရောက်ပြန်နဲ့ လက်ဝါးသိုင်းကြောင့် ကျားလေးကျောလေးကော့သွားရသလို ပိုစူထော်လာတဲ့နူတ်ခမ်းနဲ့အတူ ပါးကိုကြည့်ပြီးခေါင်းကို စိတ်ပျက်ဟန်ဖြင့် ခါယမ်းလိုက်သည်။

ချစ်သော ...Doctor ❤ (Zawgyi & Unicode)Où les histoires vivent. Découvrez maintenant