"တီ တီ....တီ.......!!"
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံမျှတောင်မကြားရတဲ့ ညည့်သန်းခေါင်ယံမှာထွက်ပေါ်လာတဲ့ ဖုန်းသံက ကျယ်လောင်စွာနဲ့ထွက်ပေါ်လာလေသည်။
သံပါတ်ပေးထားတဲ့စက်ရုပ်လို မျက်လုံးကဖျတ်ခနဲ့ပွင့်လာကာ လက်က ဖုန်းကို အော်တိုကိုင်လိုက်ပြီးသား..။" ဟုတ်ကဲ့ ပြောပါ...."
" ဟုတ်ကဲ့ ဒီအချိန်ကြီးဖုန်းဆက်ရတာ အားနာပါတယ် ဆရာ ဟိုလေ...အကိုလေး ဝမ်ရီပေါ် အဖျားတက်နေလို့ပါ ဆရာ.."
" ကျစ်...ဆေးရုံမှာ တခြားဆရာဝန်တွေမရှိလား...သူ့ကို ဖျားနာဆောင်ပို့လိုက်လေ...သူ့မိဘကိုကော ဖုန်းဆက်ပြီးပြီလား...."
ဟိုတနေ့ညက တစ်ယောက်တည်းအပြင်မှာကျန်ခဲ့တဲ့ ဒီကောင်လေးက ညည့်နက်တဲ့အထိ အပြင်မှာထိုင်နေတာကို သူ့ရုံးခန်းကနေ မြင်နေရပေမဲ့ ပြန်ခေါ်ဖို့စိတ်ကူးမရှိခဲ့။
ရောဂါဆိုတာ မရင့်ခင်ကနေ ရှင်းထုတ်လိုက်မှ ခံစားရတာ နည်းနည်းသက်သာမယ်မလား။နာကျင်မှာခြင်း တူရင်တောင် အများကြီးမနာကျင်ရခင် အဆုံးသတ်လိုက်တာပိုကောင်းမယ်ထင်တာမို့။တဖက်က စကားကြောင့်စိတ်ရှုပ်စွာနဲ့ ပြောလိုက်ပေမဲ့ လက်တွေ့မှာတော့ ကုတင်ပေါ်ကထကာ အပြင်ထပ်ကို ထပ်ဝတ်ပြီးနေပြီ။
" သူ့မိဘက ဒီမှာမရှိဘူးဆရာ ဂျပန်ကို အလုပ်ကိစ္စနဲ့ထွက်သွားတာမို့ အလုပ်ပျက်မှာစိုးပြီး သူ့မိဘကိုအကြောင်းမကြားဖို့ အကိုလေး ဝမ်ရီပေါ်က သူ့သက်တော်စောင့်တွေကိုမှာထားတယ်တဲ့ အခုလဉ်း သူ့သူသက်တော်စောင့်တွေက ဆရာ့ကိုခေါ်ခိုင်းလို့ဖုန်းဆက်လိုက်တာပါ..."
" သူ့အပူချိန်ဘယ်လောက်ရှိလဲ "
" 104 ကျော်တယ်ဆရာ....အပူကျဆေးထိုးထားတယ် ဒါပေမဲ့ အပူမကျဘူးဆရာ.. ကယောင်ကတမ်းတွေလည်းပြောပြီး ကိုကို ကိုကိုလို့ဘဲ ခေါ်နေတယ်...."
" ရပြီ ရပြီ......ငါအခုလာခဲ့မယ်..."
တစ်ဖက်ဆရာဝန်လေးက သဘောရိုးနဲ့ ရှင်းပြနေပေမဲ့ ဟိုကောင်လေးခေါ်နေတဲ့ ကိုကို ဆိုတာ သူ့ကိုပြောနေမှန်းသိတာကြောင့် ပူထူသွားတဲ့ မျက်နှာနဲ့အတူ ဖုန်းကို ကမန်းကတန်းချလိုက်ကာ ခုံမှာတင်ထားတဲ့ကားသော့ကို ကောက်ယူလိုက်သည်။
KAMU SEDANG MEMBACA
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fiksi Penggemarromance ,sweet and dramaလေးပါးပါးလေးပါမှာပါ...