" ဟားဟား ဘာ အဟား ....မပြီးနိုင်လို့ မင်းကိုကိုလုပ်ပေးမှ ပြီးတယ် ဟုတ်လား"
" ဘုန်း...."
ဝမ့်နင်းရဲ့ကျောကုန်းနာမနာတော့မသိ သူ့လက်တော့နီရဲသွားပေမဲ့ ဘကောင်းသားက ဗိုက်ကိုနှိပ်ပြီးရယ်နေတာမျက်ရည်တွေနှပ်ချီးတွေကောထွက်လို့ ။
ဝမ့်နင်းရယ်သံကြီးကြောင့် ဆိုင်ထဲလူတွေကွက်ကြည့်ကွက်ကြည့်နဲ့ ကြည့်လာကြသည်။
သြော် ကိုယ်ကတော့ ကိုကိုကသူ့ကိုလုပ်ပေးတယ်ဆိုပြီးကြွားမလို့စကားစတုန်းဘဲရှိသေးတယ် ၀မ်းခေါင်းသံကြီးနဲ့ရယ်လိုက်တာ သေးထွက်မတတ်။" ဟားဟား အဲဒါကိုဂုဏ်ယူမနေနဲ့ သယ်ချင်း မင်းဘ၀တော့ ပထမဆုံးမှာတင် တော်တော်ကြီးကိုအထင်သေးသွားတာမှာ ...ဒီမှာ ဟျောင့် ယောက်ကျားဆိုတာ ထိလိုက်တာနဲ့ ဖြန်းခနဲ့ ဖြန်းခနဲ့ ဖြစ်နေရတယ်ကွ အခုမင်းဟာက ပန်းမသေရုံတမယ်ဘဲ "
" ဟေ့ကောင် တော်တော့နော် မင်းပြောတာနဲ့တင် ငါသေချင်နေပြီ"
ဒီကောင်ပြောမှ အရမ်းကို ရင့်ကျက်ပြီးဉီးဆောင်နိုင်မှန်းပြချင်နေတဲ့ သူ့ရည်မှန်းချက်တွေ အကုန်လွှင့်ပြယ်သွားရသည်။
စိတ်ညစ်ညစ်နဲ့ မှာထားတဲ့ နို့အေးခွက်ကို တကျိုက်တည်းမော့သောက်နေတုန်း ရယ်ကျဲကျဲဖြစ်နေတဲ့ဝမ့်နင်း မျက်နှာချက်ချင်းပြောင်းလဲသွားတာမို့ ၀မ့်နင် ကြည့်ရာဖက်ကို သူလှည့်ကြည့်လိုက်သည်။
" ကိုကို "
နေရောင်အောက်မှာ တောက်ပနေတဲ့နေကြာပန်းလေးလို ပြုံးရယ်နေတဲ့ ကိုကို့အပြုံးတွေက နွေးထွေးလို့။
ဒါပေမဲ့ အဲ့အပြုံးတွေရဲ့ ဖြစ်တည်ရာက အညိုရောင်ဆံပင်ရှည်တွေနဲ့ လှပနေတဲ့ မိန်းမတစ်ယောက်အတွက်တဲ့လား။
မြဲမြံစွာဆုပ်ကိုင်ထားတဲ့ လက်ဖဝါးနှစ်ခုရဲ့ပူးကပ်မှုတွေကို မြင်ရတဲ့အခိုက် နင့်ခနဲ့ဖြစ်သွားတဲ့ နှလုံးသားကငိုကြွေးလို့။" ကိုကို "
ဉီးနှောက်ကသွားသင့်မသွားသင့် မတွေးနိုင်သေးခင်မှာ သူ့ခြေထောက်တွေက ဆိုင်ထဲဝင်လာတဲ့ ကိုကို့ရှေ့ကိုရောက်နှင့်နေပြီ။
ESTÁS LEYENDO
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fanficromance ,sweet and dramaလေးပါးပါးလေးပါမှာပါ...