ရုံဆင်းချိန်မို့ ရှုပ်ထွေးနေတဲ့ ကားလမ်းမကြီးပေါ်မှာ ကားကို ကျွမ်းကျင်စွာ ဖြည်းဖြည်းမှန်မှန်မောင်းရင်း ဖွင့်ထားတဲ့သီချင်းကို ခပ်တိုးတိုးလေးညည်းလိုက်သည်။
ထူးထူးဆန်းဆန်း မြန်မြန်ပြန်လာခဲ့ပါလို့ဖုန်းဆက်တဲ့မားမှာ ဘာတွေအံ့သြစရာတွေရှိလဲမသိ။
သူတို့အိမ်က လမ်းအချိုးကွေ့လေးမှာရှိတာမို့ ကားကလမ်းထဲဝင်လိုက်တာနဲ့ သူတို့အိမ်ရှေ့မှာရပ်ထားတဲ့ ကားနက်ကြီးကြောင့် တစ်ခုခုဘဲ ဆိုတာရိပ်မိလိုက်ရကာ ကားကိုရပ်ပြီး ဆင်းလိုက်သည်။ကားပေါ်ကဆင်းဆင်းချင်းမြင်လိုက်ရတာက ဟိုအရှုပ်ကလေးရဲ့ သက်တော်စောင့်နှစ်ယောက်ရဲ့ ငိုမလိုရယ်မလို အရုပ်နဲ့နူတ်ဆက်မှု။
ဘာလဲ ဒီကောင်လေးဘာလာရှုပ်ပြန်ပြီလဲမသိ။လေပူတစ်ခုကိုခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း ခြံတံခါးကို PW ဖွင့်ကာဝင်လိုက်သည်။
ခြံထဲဝင်လိုက်တာနဲ့ လေထုက ပိုအသက်ရှုရခက်လာသလိုလို။
မျက်ခုံးကခပ်လှုပ်လှုပ်။" သား...ပြန်လာပြီလား..ဒီမှာ သားညီလေးရောက်နေတယ်...ဝမ်ကတော်လည်းပါတယ်...သားတို့ဆေးရုံပိုင်ရှင်ဆို ..မားလည်းအခုမှသိလို့ အားနာနေတာ..."
" ကိုကို...ဟီး..."
အိမ်ခန်းထဲခြေလှမ်းဝင်ရုံသာရှိသေးသည် မားက သူ့လက်မောင်းကိုဆွဲကာခေါ်လာပြီး ဆိုဖာမှာထိုင်စေလိုက်သည်။
သူဝင်လာကတည်းကနေ စပ်ဖြဲဖြဲနဲ့လုပ်နေတဲ့ အာပေတူးကောင်ကို သူလုံးဝလှည့်မကြည့်။
ဝမ်ကတော်ကိုတော့ အရိုအသေပေးလိုက်ရင်း..." မင်္ဂလာပါ..ဒါနဲ့ ဝမ်ကတော်က ဒီကို..."
" သားခေါ်လာတာ....ဟီး."
ပိုးမသေတဲ့ရုပ်နဲ့ရယ်ပြပြန်သည်။
သူမျက်နှာတင်းတင်းနဲ့တချက်ကြည့်လိုက်တော့ မျက်လုံးတဖက်မှိတ်ပြလာတဲ့ကောင်စုတ်လေးကို စုစည်းထားတဲ့ဆံပင်ကိုသာ ဆောင့်ဆွဲလိုက်ချင်တော့သည်။" ဒီကိုဘဲလာတာပါသားရယ်..အဓိက ကမင်းညီလေးကိစ္စဘဲ ဆိုပါတော့.."
သွေးတွေငယ်ထိပ်ထိမဟုတ်ဘဲ ဆံပင်အဖျားထိရောက်သလားအောက်မေ့ရအောင်ထိ ဆောင့်တက်သွားသည်။
ESTÁS LEYENDO
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fanficromance ,sweet and dramaလေးပါးပါးလေးပါမှာပါ...