ဆရာဝန်ကြီးက ရင်ဘတ်ပေါ်နားကြပ်တင်ပြီး စမ်းသပ်နေပေမဲ့ မလှုပ်မယှက်လှဲနေတဲ့ရီပေါ်
ကအပေါ်ပိုင်းမှာငြိမ်သက်နေပေမဲ့ စောင်အောက်ဖက်မှာရှိတဲ့ ခြေမလေးတွေကတစ်ဖက်နဲ့တစ်ဖက် ပွတ်တိုက်လျက်။
မျက်လုံးတွေကဖွင့်ထားပေမဲ့ အတွေးတွေက တစ်ခုခုကိုလေးလေးနက်နက်တွေးနေသလိုအချိန်တိုင်းလိုလို စူပုတ်နေတဲ့နူတ်ခမ်းတွေက တချက်တချက်ကွေးတတ်သွားပြန်သည်။" အဟား..."
သူ့ကို ကိုကိုခေါ်လိုက်တာကြောင့် မျက်မှောင်ကြီးကုတ်ကာ စိုက်ကြည့်လာတဲ့ မျက်နှာရဲရဲ နားရဲရဲ လေးနဲ့ လူကြီးကိုတွေးကြည့်တိုင်း ရယ်ချင်မိတာ အခါခါ။
အခုလည်း ဘေးမှာရှိနေတဲ့ ဆရာဝန်ကြီးတွေ သူ့မိဘနဲ့ စကားပြောနေတုန်း ရုတ်တရက်သူထရယ်လာတာမို့ အားလုံးစကားရပ်ကာ သူ့ဖက်ကိုပြူးတူးပြဲတဲ ကြည့်လာကြောင့် မျက်နှာပိုးသတ်လိုက်ကာ မျက်လုံးတွေကိုမှိတ်ချလိုက်ရသည်။" သားငယ်လေး....ထ..ထတော့ သားမနေချင်တဲ့ဆေးရုံကဆင်းရတော့မယ် "
ဆင်းရုံကဆင်းရတော့မယ် ဆိုတဲ့ မားရဲ့စကားအဆုံးမှာ အိပ်ချင်ယောင်ဆောင်နေတဲ့ရီပေါ် မျက်လုံးတွေ အလန့်တကြားနဲ့ပွင့်လာရသည်။
" ဟင် ဆေးရုံကဆင်းရတော့မှာလား...! "
ဝမ်သခင်ကြီးနဲ့ ၀မ်သခင်မမှာ သူ့တို့သားတော်မောင်ရဲ့ ထူးဆန်းတဲ့စကားကြောင့် နေ့ခင်းကြောင်တောင်ကြီးသရဲတွေ့သလို ပြူးပြဲကြည့်ကာ ...သူတို့သား ဒီတစ်ခေါက်ဖြစ်တာ ဦးနှောက်ပါထိသွားတာများလားဆိုပြီး စိုးရိမ်သွားရသည်။
" အေးလေ...သားရယ်...သားဘဲ ဆေးရုံတက်ရတိုင်းဆင်းမယ်ဆိုတာကြီးဘဲနေ့တိုင်းပြောနေပြီးတော့ ...အထူးအဆန်းမလုပ်ပြပါနဲ့ရီပေါ်ရယ်...ဒီအမေရင်တုန်အောင် "
မားကတော့လုပ်ပြီ။
မသိရင် အရူးဆေးရုံဖက်ဘဲပို့တော့မလို။
ဒါလေးဘဲမေးရသေးတယ် ။
VOCÊ ESTÁ LENDO
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fanficromance ,sweet and dramaလေးပါးပါးလေးပါမှာပါ...