unicode....ပတ်၀န်းကျင်တစ်ခုလုံး ကားသံ လူသံတွေနဲ့ဆူညံနေပေမဲ့ သူ့အတွေးတွေနဲ့ မျက်လုံးတွေက တစ်နေရာတည်းကို ဦးတည်ကာစိုက်ကြည့်နေလေသည်။
တုန်ယင်နေတဲ့လက်တွေက စိတ်လှုပ်ရှားမှုကိုဖော်ပြနေပေမဲ့ လူမသိအောင် မြိုသိပ်ထားတဲ့ကြောက်ရွှံမှုတွေကအတိုင်းသားမြင်နေရလေသည်။ရှောင်ကျန့် မျက်လုံးတွေကို စုံမှိတ်ကာ ထိုင်ခုံတန်းပေါ်ကိုမှီချလိုက်သည်။
ခွဲစိတ်ဓားကိုကျွမ်းကျင်စွာကိုင်ပြီး သူ့အတွက် အခက်အခဲဆိုတာမရှိခဲ့တဲ့ ကျွမ်းကျင်မှုကို ဒီနေ့တော့ သူကျရှုံးမတတ်ဖြစ်ခဲ့တာက အိပ်မက်ဆိုးတစ်ခုလိုပင်။
ခွဲစိတ်မှုစတုန်းက အကုန်အဆင်ပြေလာခဲ့ပေမဲ့ အဆုံးသတ်ခါနီးမှာေ၀၀ါးလာတဲ့အမြင်အာရုံတွေ နဲ့ အတူ ဖြစ်ပေါ်လာတဲ့ကြောက်ရွှံစိတ်က ခွဲစိတ်မှာမှာ တစ်စုံတစ်ရာ အမှားအယွင်းဖြစ်မှာကိုပင်။
ချွေးတွေဆက်တိုက်ထွက်လာသည့်သူ့ကို ဘေးက ကူညီပေးနေတဲ့ အားချင်က ရိပ်မိသည့်ဟန်စိုးရိမ်မျက်၀န်းတွေနဲ့ ချွေးတွေကို သုတ်ပေးရင်း" ရှောင်ကျန့် ငါဆက်လုပ်လိုက်မယ် နင်နားလိုက်တော့"
" ရတယ် အားချင် ငါအဆုံးထိ တာ၀န်ယူချင်တယ် စိတ်မပူနဲ့ ငါဘာမှမဖြစ်ဘူး"
အားချင်နဲ့ သူနာပြုတွေကို တချက် ခေါင်းညိတ်ပြကာ အဆင်ပြေကြောင်းပြောလိုက်ပြီး ဓားကို ပြန်ကိုင်လိုက်သည်။
တရိပ်ရိပ်ဖြစ်နေတဲ့ အမြင်အာရုံတွေက မျက်မှန်တပ်ထားသည်တိုင် အကုန်ေ၀၀ါးလာတဲ့နောက်ဆုံး ဓားနဲ့ သူ့လက်ကို လှီးချလိုက်မိသည်။သွေးတွေပန်းထွက်လာတာကြောင့် အကုန် ရုတ်ရုတ်သဲသဲဖြစ်ကုန်မှာစိုးတာကြောင့် လက်ကို ဂွမ်းစနဲ့ဆုပ်ကိုင်ကာ လူနာကိုအားချင်နဲ့အပ်ပြီးထွက်လာရသည်။
တော်သေးသည်။
ခွဲစိတ်မှုအောင်မြင်လို့။အခုတလော ညမအိပ်နိုင်တာကြာပြီ။
ဆေးတွေကို ကိုယ့်ဘာသာကိုယ်သောက်ကာ တစ်ယောက်တည်း ကြိတ်ကုနေခဲ့ပေမဲ့ တိုးတက်မလာတဲ့အပြင်ပိုးဆိုးလာတဲ့ အကြောင်းရင်းက အရင်ရောဂါဟောင်းပြန်ထလာတာဘဲဖြစ်မည်။
YOU ARE READING
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fanfictionromance ,sweet and dramaေလးပါးပါးေလးပါမွာပါ...