Unicode.....အောက်ဆုံးမှာ zawgyi ပါတယ်နော်..👇👇
" မား....သား ကူလုပ်ပေးမယ်..."
" မား....သား ဒီပန်းကန်တွေကို သားဆေးလိုက်မယ်နော်"
" ပါး...ဒီရေနွေးကြမ်းကလေ ဆီးချိုနဲ့နှလုံးသွေးကြောကျဥ်းရောဂါကို ကာကွယ်ပေးတယ်... "
" ဟာ....မား ရာ သားလုပ်ပေးမှာပေါ့....ဖယ်ဖယ် လက်ကို ဓားရှတော့မှာဘဲ..."
တစ်မနက်တည်းနဲ့ တအိမ်လုံး သူ့အသံတွေ ညောင်ညောင်တတ်နေတဲ့ ဝမ်ရီပေါ် မလုပ်ဖူးတဲ့အလုပ်တွေ လုပ်နေတာ တလွဲတချော်နဲ့။
ဒါကို ပါးနဲ့ မားမှာ သဘောတွေကျ တပြုံးပြုံးနဲ့ သားငယ်လေး သားငယ်လေးလုပ်နေတာ ဘယ်လိုတားရမှန်းမသိ။မသိရင် သူကဒီအိမ်ရဲ့ ဧည့်သည်ဖြစ်သွားရလောက်အောင် ဝမ်ရီပေါ်က အစွမ်းကလွယ်တော့မလွယ်။
ပါးနဲ့မားကိုအတင်းကပ်ကာ ဘယ်ခြေလှမ်းလှမ်းဖို့ပြင်နေတယ်ဆိုတာကြိုသိနေတာမို့ မျက်နှာကိုခပ်တင်းတင်းထားကာ နေပေမဲ့ကိုကို ကိုကို နဲ့ စပ်ဖြဲြဖဲလာလုပ်နေသေးသည်။
အိမ်နေရင်းဘောင်းဘီတိုလေးနဲ့ တီရှပ်ပွပွဝတ်ထားတဲ့ ကိုကို က စူပုတ်ပုတ်နဲ့ ချစ်စရာကောင်းနေလေ၏
သက်တော်စောင့်တွေပြောတဲ့ ပထမအဆင့် အောင်မြင်တော့မည်ထင်သည်။
ဒီအိမ်ကို အမြဲဝင်ထွက်ချင်ရင် ဧည်သည်လိုမနေဘဲ အရောတဝင်နဲ့ အိမ်အလုပ်တွေကူလုပ်ပေးပါလို့ ပြောခဲ့တုန်းက သူအရမ်းစိတ်ညစ်သွားမိသည်။
အိမ်အလုပ်ကို ဝင်လုပ်ပြီး တစိမ်းနဲ့ အရောဝင်တတ်တာက သူ့စတိုင်မှမဟုတ်တာ။
သူငြင်းမိတော့ ဟိုနှစ်ယောက်က အားပေးသည်။
အကိုလေး ကိုကို ကို လက်လျေ့ာလိုက်တော့တဲ့။ကိုကို က ခပ်စိမ်းစိမ်းဆက်ဆံတော့ တစ်ဖက်လှည့်အနေနဲ့ သူ့မိဘကို ဖားရမယ်ဆိုဘဲ။
အစကတော့ အင်တင်တင်နဲ့လက်ခံရပေမဲ့ တကယ်တမ်းတော့ သူထင်တာထက် ကိုကို့မားနဲ့ပါးက သူ့အပေါ်ချစ်ပြနေတော့ သူ့အတွက် အဆင်ပြေသွားလေသည်။
သူ့ပါးလေးကို ဖွဖွလေးကိုင်ပြီး သားငယ်လေးလို့ တယုတယနဲ့ခေါ်တဲ့ ကိုကို့မားရဲ့အသံက နူးညံ့နွေးထွေးလွန်းသည်။
KAMU SEDANG MEMBACA
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Fiksi Penggemarromance ,sweet and dramaေလးပါးပါးေလးပါမွာပါ...