ရှောင်ကျန့် ကားကိုစက်ရပ်ပြီး ဒီခြံကြီးအထဲကိုဝင်သင့်မဝင်သင့် စဉ်းစားနေတာအကြိမ်ကြိမ်ရှိသော်ငြားလည်း ဝင်ဖို့ခက်နေတဲ့စိတ်တွေက လက်ရှိကိုလွန်ဆန်လျက်။
ဟိုတနေ့ည သူ့ကြောင့် ဝမ်ရီပေါ် အဖျားကြီးကာသတိမေ့တဲ့အထိဖြစ်သွားတော့ သူအရမ်းတုန်လှုပ်သွားခဲ့မိသည်။
သူ့သက်တမ်းတစ်လျှောက် ဘယ်သူ့ကိုမှစိတ်ဒဏ်ရာရအောင်မလုပ်ဖူးသလို..ဒီလိုမျိုးအန္တရာယ်ဖြစ်စေတဲ့အထိ မတွန်းပို့ဖူး။သူပွေ့ချီထားဆဲမှာပင် ဖြူဖျော့ကာ သတိမေ့သွားတဲ့ အဲ့ကောင်လေးကို ကားပေါ်တင်ကာ နီးစပ်ရာအရေးပေါ်ဆေးခန်းကိုပြေးလိုက်ရသည်။မိဘတွေကိုဖုန်းဆက်လို့ရောက်လာတဲ့အချိန်မှာ သတိရလာတာနဲ့ အမှားလုပ်မိကိုယ့်ကိုကိုယ်မလုံလဲစွာနဲ့ တောင်းပန်မယ်လုပ်နေတုန်း...ဝမ်ရီပေါ်က
သူ့ဘာသူ ရေချိုးမှားကာအအေးပတ်ပြီးဖျားတာလို့ဝင်ပြောလိုက်တဲ့အချိန်မှာ သူ့ပြောမဲ့စကားတွေရပ်တန့်သွားရသလို...သူ့နားတိုးကာပြောလာတဲ့ စကားက" ရီပေါ် ကိုကို့အိမ်မှာ တသက်လုံးနေလို့ရပြီလားတဲ့..."
" မင်းရှုံးတယ်လေ...မိုးမှမလင်းသေးတာ.."
" ကိုကိုနော်...မညစ်ပစ်နဲ့ ကိုကိုဘဲ ရီပေါ်ကို နိုင်တယ်ဆို..ရီပေါ်ကြားလိုက်တယ်နော်"
လူသာသတိလစ်မတတ်ဖျားနေတာ။ဒါကျတော့ ကြားဖြစ်အောင်ကြားလိုက်သေးသည်။
အခုလည်း ဆေးရုံကဆင်းသွားပေမဲ့ မသက်သာသေးဘူးဆိုတာ ကြားရတာကြောင့် လူမှုရေးအနေနဲ့ သတင်းလာမေးတာဖြစ်သည်။
သူလာမယ်ဆိုတာကိုကြိုဖုန်းဆက်ထားတာကြောင့် သူကားဟွန်းတီးလိုက်တာနဲ့ အလိုအလျောက်ပွင့်သွားတဲ့တံခါးကြီးကိုကျော်ကာ ခြံထဲသို့ကားကိုပတ်ဝင်လိုက်လေသည်။
အတော်အတန်မျှမောင်းပြီးမှ ရောက်ရှိသွားတဲ့ အိမ်ကြီးကနန်းတော်သဖွယ်။ဒါနဲ့များ သူတို့အိမ်သေးသေးလေးမှာလာနေဖို့ လုပ်နေသေးတဲ့ ကောင်လေး။
" လာ...သား...တကူးတကနဲ့ကွယ်...အားကောအားရဲ့လား..သားလာမယ်ဆိုလို့ အန်တီစောင့်နေတာ ခဏနေအပြင်သွားစရာရှိလို့လေ..."
ŞİMDİ OKUDUĞUN
ချစ်သော ...Doctor ❤ (Zawgyi & Unicode)
Hayran Kurguromance ,sweet and dramaလေးပါးပါးလေးပါမှာပါ...