မြတ်နိုးခြင်းဖြင့်သာတည်စေသော

1.1K 42 10
                                    

"""""""""""""""""""

"အစ်ကို့ကို Kong လာရှာမယ်....
Kong အစ်ကို့ကိုလာရှာမယ့်အချိန်ထိ
Kong ကိုစောင့်ပေးနော်...''

"ဒါပေါ့....Kong ကို အစ်ကိုစောင့်မှာပေါ့..''

သံယောဇဉ်ဆိုတာ အခက်သားလား
ကလေးရေ...
အစ်ကို့ ရဲ့ရင်ဘတ်နားလောက်ရှိတဲ့
အရပ်နဲ့ အစ်ကို့ကိုမော့ကြည့်ပြီး
ပြောနေပုံလေးက ခွဲသွားဖို့တောင်
အစ်ကို့ကိုခက်ခဲစေတယ်...

" သား...I Aoon....ဖေဖေတို့ဝင်စို့...''

Arthit ရဲ့ခါးနားမှာဖက်တွယ်ထားတဲ့
လက်သေးသေးလေးတွေက
ပိုပြီးတင်းကျပ်သွားသလိုပဲ...

မေမေရှိစဉ်ထဲက အတူနေထိုင်ခဲ့တဲ့
သူ့ရဲ့မိသားစုလေးကိုခွဲပြီး
ရပ်ခြားကိုထွက်ခွာသွားရတော့မယ့်
လူတစ်ယောက်....

အားလုံးကို အကြည့်နဲ့ပဲသူနူတ်ဆက်လိုက်တယ်...

"သား....ကျန်းမာရေးဂရုစိုက်နော်...''

အန်တီ က ခပ်ပြုံးပြုံးလေးလုပ်ပြီး
ဘယ်နှခွန်းမြောက်မှန်းမသိတဲ့
အမှာစကားကိုပြောပြန်တယ်...

အဖျားခတ်သွားတဲ့ ရှိုက်သံဟာ
တုန်ယင်စပြုနေပြီဖြစ်တဲ့ Kong ရဲ့
ကျောပြင်လေးနဲ့အပြိုင်...

"ဟုတ်ကဲ့.....''

သူက ယောက်ျားလေးပေမို့
စိတ်ကိုထိန်းထားရတယ်...သူ့ရဲ့ဝမ်းဗိုက်က Kong ရဲ့မျက်ရည်တချို့နဲ့စိုစ
ပြုနေပေမယ့်လည်းပေါ့...

"Kong....သား...လာတော့ သားအစ်ကို
က သွားရတော့မှာ...''

သူ့ဝမ်းဗိုက်နားကနေ မျက်နှာမခွာတဲ့
ကောင်လေးဟာ သူ့ကိုပိုပိုပြီးတင်းကျပ်စွာ
ဖက်တွယ်ထားလေရဲ့...

ဖြုတ်ဖယ်ပစ်လိုက်ဖို့ သူ့မှာအင်အားမရှိဘူး...
အဲ့ဒီအစား ကျောပြင်လေးကိုသာ
အသာပွတ်သပ်ပေးနေမိတာ...

" လာပါတော့ သားရယ်....သားအစ်ကို နောက်ကျနေလိမ့်မယ်...''

ထပ်ပြောလိုက်တော့မှ သူ့ဆီကနေချက်ချင်းဆိုသလိုခွာပြီး
အန်တီ့ရဲ့ရင်ခွင်ထဲတိုးဝင်ပြန်လေတယ်...

မမြင်ရတဲ့မျက်နှာလေးကမျက်ရည်တွေကို
သုတ်ပေးချင်ပေမယ့်
အမြင်မခံချင်တဲ့ကလေးဟာ
ခုနကလို သူ့အမေရဲ့ရင်ခွင်ထဲမျက်နှာအပ်
လို့...

Short Story(zawgyi & Unicode )Where stories live. Discover now