လှည့်စားတတ်သော

116 10 1
                                    


ဦးငယ်က သူ့ကုမ္မဏီနဲ့နီးတဲ့ဒီတိုက်ခန်းမှာနေနေတာတစ်နှစ်ပြည့်လုနီးခဲ့ပြီ။
Kit တို့အထက်တန်းပြီးကထဲကလို့တောင်ပြောလို့ရသည်။
ဒါပေမယ့် Kit တို့သုံးယောက်လုံး ဒီကိုလည်းအကြိမ်ပေါင်းများစွာရောက်ဖူးသည်ပဲဖြစ်သည်။
ဦးငယ်ရဲ့အလုပ်ပိတ်ရက်တချို့တွေမှာဒီကိုလာပြီး သောင်းကျန်းတတ်ကြမြဲ..။
Min ကသူ့ကိုဘယ်လောက်ပဲကြည့်မရဘူးဆိုဆို
တတွဲတွဲသွားဖြစ်ကြသည်ကတော့အမှန်ပင်။

တကယ်တော့ Min သည်လည်းငယ်ငယ်တုန်းကတော့ Kit ကိုချစ်ခဲ့ပါသည်။
မေမေ့ရဲ့အသိုင်းအဝိုင်းက သွေးခွဲမှုတွေကြောင့်သာသည်မျှထိဆိုးရွားသွားရခဲ့ရခြင်း..။
Sangpotirat မိသားစုကမျိုးရိုးစဉ်ဆက်ချမ်းသာလာခဲ့ကြသည်ဆိုတာ မသိသူရှိလို့လား။
ထိုပိုင်ဆိုင်မှုတွေကိုသွေးသားမတော်စပ်သည့်Kit ကိုခွဲဝေပေးရမှာအင်မတန်မှနှမြောနေခဲ့ကြပုံပင်..။
Kit လည်းထိုအမွေတွေကိုလိုချင်တပ်မက်ခဲ့ခြင်းမရှိဖူးပါ။
သူမျော်လင့်သည်က ကျောင်းပြီးသွားလို့ ဆရာဝန်ဖြစ်ပြီဆိုတာနဲ့ဒီအိမ်နဲ့ခွဲနေမည်။
ဘန်ကောက်နဲ့ဝေးသည့်မြို့တစ်မြို့မှာတာဝန်ထမ်းဆောင်ဖို့လျှောက်ထားမည်။
သို့ဆိုလျှင် သူလည်းအိမ်ကိုမကြာခဏပြန်စရာမလိုတော့ပြီလေ...။

အိမ်နဲ့ခွဲနေဖို့ကဒီလောက်ကြီးစောသွားလိမ့်မည်လို့တော့သူမထင်ခဲ့မိပါ။
တကယ်တော့ဒါကလည်းတမျိုးကောင်းပါသည်။
အိမ်ရဲ့အထောက်အပံ့တွေကိုသူဆက်ပြီးယူနေစရာမလိုတော့ဘူးပေါ့။
အမ်....
ဦးငယ်ဆီကပြောင်းယူလိုက်ရတာလေးတော့ကွာခြားသွားသည်ပေါ့လေ...။

"ထမင်းစားရအောင်....''

ရေချိုးပြီးစဦးငယ်က သစ်လွင်လတ်ဆတ်နေသည်။
ဦးငယ်လို့ခေါ်ရပေမယ့်လည်း ဦးငယ်ကခုမှသုံးဆယ်ကျော်လူခန့်ချောကြီးဖြစ်သည်။

" ကျောက်ပုဇွန် Kit ကြိုက်တယ်မလား...''

အုန်းနို့နိုင်နိုင်နဲ့ချက်ထားတဲ့ကျောက်ပုဇွန်ဟင်းက
Kit အကြိုက်ဆုံးဟင်းပွဲတွေထဲပါသည်။
အကောင်ကြီးလေပိုကြိုက်လေဆိုသည်ကတော့ပြောစရာတောင်မလို..။

Short Story(zawgyi & Unicode )حيث تعيش القصص. اكتشف الآن