""""""""""""""""
"ဆရာ....သမီးတို့ ဒီအပိုဒ်လေးမရှင်းလို့..
ပြန်ရှင်းပြပေးနိုင်မလား...''ကျောင်းသူတစ်စုက စာအုပ်လေးရှေ့ထိုးပေးပြီးမျက်နှာငယ်လေးတွေနဲ့ဆိုလာတော့ သူလျစ်လျူမရှုလိုက်နိုင်ပြန်တော့..
ထိုကလေးမလေးတွေ တကယ်ပဲစာလာရှင်းခိုင်းတာလား
ဘာလားဆိုတာကိုဖြင့် အတွင်းစိတ်ကတွေးတောနေမိတယ်..သူ့မလည်း....
ကျောင်းဆရာလုပ်လိုက်မှ ကျောင်းသားတွေမုန်းတာခံရတော့မယ့်ကိန်းဖြစ်နေပြီ..တစ်ဆင့်ခြင်းစိတ်ရှည်လက်ရှည်ရှင်းပြပေးလိုက်တော့ ကျေးဇူးတင်စကားဆိုပြီး
အနားကခွာသွားကြတော့တယ်..
သူလည်းအဲ့ဒီတော့မှုအသက်ဝဝပြန်ရှူနိုင်သလိုပဲ...အသက်သိပ်မကွာတဲ့ဆရာနဲ့ကျောင်းသူတစ်စုကကြည့်ရဆိုးတဲ့အခြေအနေမျိုးဖြစ်နေမှာသူကြောက်တယ်လေ..
ကျောင်းကိုစရောက်လာထဲကကျောင်းကိစ္စ နေရေးထိုင်ရေးကိစ္စ စားရေးသောက်ရေးကိစ္စတွေနဲ့
သူဒီကျောင်းကိုဦးတည်လာခဲ့တဲ့အဓိကမဏ္ဋိုင်ကိုတောင်နောက်ခဏရွှေ့ထားရတယ်...မကြာခင်မှာတော့ အလုပ်စနိုင်တော့မယ်ထင်တာပါပဲ...
ခေါင်းကိုတစ်ချက်ယမ်းလိုက်ပြီး
ခုနကကြည့်နေတဲ့စာအုပ်ကိုပြန်ကိုင်လိုက်တယ်..ဆရာ ဆိုပေမယ့်လည်း စာကြည့်တိုက်မှာလာပြီးစာလေ့လာနေရသေးတယ်..
နောက်သင်မယ့်အခန်းတွေအတွက်
အကောင်းဆုံးပြင်ဆင်ထားနိုင်မှ
ကျောင်းသားတွေရဲ့လေးစားမှုကိုရယူနိုင်မယ်လို့သူထင်တယ်..အသက်ချင်းကမကွာရတဲ့အထဲ
စာသင်တာပါညံ့နေရင် သူ့ကိုဆရာလို့ခေါ်ဖို့တောင်ထိုက်တန်မယ်မထင်ဘူး.." ဆရာ...သမီးတို့ ဒီအပိုဒ်လေး....''
"ဘယ်အပိုဒ်မှလာမမေးနဲ့...ငါ စာမေးမလို့
နင်တို့ဝေးဝေးသွား...''ပြိုင်တူဆိုသလိုရောက်လာတဲ့ ကျောင်းသူသုံးလေးယောက်နဲ့ကျောင်းသားတစ်ယောက်..
မျက်မှန်ကို လက်ညိုးနဲ့ပင့်တင်လိုက်ပြီး
ထိုအုပ်စုကိုကြည့်လိုက်တယ်...