မြတ်နိုးခြင်းဖြင့်သာတည်စေသော

369 34 6
                                    

""""""""""""""""""""""

ကောင်းနိုးရာရာအသင့်စားထမင်းဘူးတချို့ကိုဆွဲယူရင်း အစားစားချင်စိတ်တို့လည်းပျောက်ဆုံးနေတယ်

ဖေဖေနဲ့အတူနေတုန်းကတော့
အိမ်ချက်လက်ရာတွေပဲစားခဲ့ရတာမို့
ဒီလိုအသင့်စားထမင်းဘူးတွေကသူ့အတွက်အဆင်မပြေပါ...

အဆင်မပြေလို့ကိုယ့်ဟာကိုယ်ချက်စားရအောင်လည်းထမင်းတောင်ကောင်းကောင်းမချက်တတ်တော့...ဟူး....

ရောက်စကတော့ ကျောင်ကန်တင်းမှာပဲသွားစားလေ့ရှိတာမို့
အဆင်ပြေနေသေးသည်...

အခုကတော့...

အဲ့ဒီမှာသာဆက်ပြီးထမင်းသွားစားနေရင်
အသတ်တောင်ခံရမလားမသိ..

မသိလိုက်ပါပဲနာကျင်ခဲ့ရသောအကြောင်းအရာတို့ကိုပြန်တွေးမိတော့
ဒေါသဆိုတာထက် ဝမ်းနည်းမိခြင်း...

သူအကောင်းဆုံးကြိုးစားမိသမျှက
တခြားသူတွေအတွက် မျက်မုန်းကျိုးစရာဖြစ်နေခဲ့တာသူမသိခဲ့..

ထားပါတော့...

ပြီးသွားပြီပဲ..
သူဆင်ခြင်နေရင် အဆင်ပြေသွားမှာပါ..

ယူထားတာတွေအတွက်ငွေရှင်းပြီးထွက်ခဲ့တော့ အပြင်ကဝင်လာသူနဲ့တိုက်မိတော့မလိုဖြစ်သွားလိုက်သေးသည်..

"တောင်းပန်ပါတယ်ခင်ဗျ..''

နှစ်ဖက်လုံးက တိမ်းဖယ်လိုက်တာမို့
မထိခိုက်မိပေမယ့် အကျင့်အရတောင်းပန်စကားကအရင်ပြောထွက်သည်..

သို့ပေမယ့် မြင်လိုက်ရတဲ့မျက်နှာကြောင့်
အကြောအချဉ်တွေတောင့်တင်းသွားသလိုပဲ...

အဖြူခံမှာအနက်စင်းကြောင်းတွေပါတဲ့တီရှပ်လက်တိုနဲ့ ဒူးလောက်ရှိတဲ့ဘောင်းဘီတိုကိုဝတ်ထားတဲ့ကျောင်းသားဟာ သူ့ရှေ့မှာ
ရပ်နေလေရဲ့...

"ဈေးလာဝယ်တာလား...''

တနေ့ကပဲသူ့ကိုအော်ငေါက်ခဲ့တဲ့သူမဟုတ်သလို..

"ဟုတ်တယ်.....''

တုံးတိတိဖြေလိုက်ပြီး ဘာစကားမှထပ်ပြောမနေတော့ဘူး..
ဒီကောင်လေးနဲ့စကားပြောတာက
သူ့အတွက် စိတ်ချမ်းသာစရာရှိလာမှာမဟုတ်ဘူး..

Short Story(zawgyi & Unicode )Where stories live. Discover now