ချစ်ခြင်းမြစ်ဖျား

258 26 17
                                    

"""""""""""""""

အဲ့ဒီနေ့ကစပြီး ကျွန်တော့ရဲ့အခြေအနေဟာတော်တော်လေးကိုဆိုးဆိုးရွားရွားပဲ...

ဗိုက်ဆာတိုင်းရောက်လာတတ်တဲ့ကြွက်တစ်ကောင်ဟာ ကျွန်တော့ရဲ့စာရေးချိန်တွေကိုနှောက်ယှက်ဖျက်ဆီးတတ်လာတယ်...

ကျွန်တော့အိမ်ရဲ့လုံခြံရေးတင်းကျပ်ကောင်းမွန်တဲ့တံခါးကို အလွယ်တကူဖြတ်ကျော်ဝင်လာပြီး
ကျွန်တော့ဆီမှာအစာလာတောင်းတတ်တဲ့ ကြွက်ဖြူကြီး...

လူမမာနဲ့တူတဲ့ လူတစ်ယောက်....
ခေါက်ဆွဲသုံးထုပ်လောက်ကိုအသာလေးမြိုချနိုင်တဲ့ လူ...

အစားမစားရတာကြာပြီဆိုတဲ့ အဲ့ဒီကြွက်ရဲ့စကားအောက်မှာ ကျွန်တော့လက်နဲ့ပြုတ်ကျွေးခဲ့ရတဲ့ခေါက်ဆွဲတွေ....

ကျွန်တော်ရဲ့တစ်လစာခေါက်ဆွဲထုပ်တွေဟာ ဆယ်ရက်နဲ့ကုန်သွားခဲ့တယ်...

သူ့ဟာသူရောက်လာ
သူ့ဟာသူထွက်သွားတတ်တဲ့လူတစ်ယောက်ကို မငြိုမငြင် လက်သင့်ခံပေးနေခဲ့မိတယ်...

မထူးဆန်းဘူးလား...

တခါတလေတော့လည်း အဲ့ဒီကြွက်ပျင်းဆီကထူးဆန်းတဲ့စကားတချို့နားထောင်ရလေ့ရှိတယ်...

"မင်း နဲ့ ကိုယ်နဲ့က ထူးခြားတဲ့ရေစက်ရှိပုံပဲ...''

ဆိုတဲ့စကားမျိုးတွေ...

"ကိုယ့် ကိုတွေ့တဲ့မင်းကို သိပ်ကျေးဇူးတင်တာပဲ...''

ဆိုတာမျိုးတွေ

ဩော....

မေ့သွားလို့...

သူ့မှာ Aoon ဆိုတဲ့ထူးဆန်းတဲ့နာမည်ရှိတယ် ...
ပြီးတော့

အဲ့ကြွက်ပျင်းကကျွန်တော့ထက်နှစ်နှစ်တောင်ကြီးနေသေးတယ်...

သူ့ကိုယ်သူ သုံးတော့ ကိုယ်တဲ့...
ကျွန်တော့ကိုလည်း သူ့ကိုအစ်ကိုလို့ခေါ်ဖို့မဲဆွယ်တတ်သေးတယ်...

ကျွန်တော်ပဲလေ...

အစ်ကိုကြွက်ပျင်း လို့ခေါ်ပေးလိုက်တယ်..
ဘယ်လောက်ကောင်းလဲ...

ဟက်ဟက်ပက်ပက်ရယ်ချလိုက်တဲ့ အစ်ကိုကြွက်ပျင်းရဲ့ ပါးပြင်ပေါ်ကပါးချိုင့်ဟာ ကျွန်တော့ကိုမှင်သက်စေခဲ့တယ်...

Short Story(zawgyi & Unicode )Donde viven las historias. Descúbrelo ahora