လှည့်စားတတ်သော

135 10 0
                                    

ဒီနေ့ မိသားစုနှစ်ခုရဲ့လူတွေအားလုံးစုံလင်နေခဲ့သည်။
Toe ရဲ့အဝေးရောက်နေတဲ့မိဘတွေနဲ့ Toe ကိုယ်တိုင်ကလွဲလို့ပေါ့။

ဘွားဘွားကြီးနဲ့ဦးငယ်ကတင်းမာတဲ့မျက်နှာထားတွေနဲ့ရှိနေကြပြီးKit တို့မိသားစုတွေကတော့သေးငယ်သည့်မျက်နှာလေးများနှင့်...။
သူက ဦးငယ်နားမှာပဲနေရာရထားပြီး ဘယ်သူ့မျက်နှာကိုမှမော့မကြည့်ဝံ့သည်အနေအထား...။

အင်မတန်မှရင်းနှီးသည့်မိသားစုနှစ်ခုကြား
ပြဿနာတွေဘယ်ကစခဲ့ပါသနည်း။

Hotel ဖွင့်ပွဲအခမ်းအနားနဲ့ညဘက်ပါတီမှစသည်။
မိသားစုနှစ်ခုရဲ့ အကျိုးတူပူးပေါင်းတဲ့စီးပွားရေးအဖြစ် ဖူးခက်မှာဟိုတယ်ဇုန်တစ်ခုကို ပထမဆုံးဖွင့်လှစ်နိုင်ခဲ့သည့်ပွဲ....။

ယခင်ထဲကအိမ်နီးချင်းမိသားစုတွေအနေနဲ့ရင်းနှီးခဲ့ကြပြီးသား..။
တစ်အိမ်နဲ့တစ်အိမ်ကကူးလူးဆက်သွယ်နေခဲ့ပြီးလူငယ်တွေဖြစ်တဲ့ Kit တို့ညီအစ်ကိုနှစ်ယောက်နဲ့
Toe ကလည်းသက်တူရွယ်တူတွေမို့ပိုရင်းနှီးခဲ့သည်။
ပါတီမှာလည်းToeကိုစောင့်ရှောက်ဖို့အတွက်Kitနဲ့
Min ကိုတာဝန်ပေးထားခဲ့ပြီး ပြဿနာက ထိုကစခဲ့သည်လို့ဆိုရမည်။

ဟိုတယ်မှာ ပထမဆုံးအဖြစ် တည်းခိုခွင့်ရသူတွေအနေနဲ့ Kit တို့ကြိုက်နှစ်သက်ရာအခန်းကိုရွေးချယ်ခွင့်ရခဲ့သည်။
Kit က ပင်လယ်ကိုအတိုင်းသားမြင်နေရသည့်အခန်းကိုရွေးချယ်ခဲ့ပြီး ပစ္စည်းတွေပါနေရာချထားခဲ့ပြီးပြီ။

ဒါပေမယ့် ပွဲထဲမှာ
Min ရဲ့အတင်းအကျပ်သောက်စေမှုကြောင့်Kit ကလူမှန်းမသိအောင်မူးနေခဲ့ပြီး မနက်လင်းမှသာဘယ်သူမှမရှိတဲ့အခန်းတစ်ခုထဲ Kit တစ်ယောက်နိုးလာခဲ့ရသည်။
Kit ရဲ့အခန်းကဒ်ကိုအတင်းတောင်းယူသွားခဲ့တဲ့
Min က သူ့အခန်းနဲ့သူအိပ်နေခဲ့ပြီး
Toe ကတော့ ......
Kit ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့အခန်းထဲမှာ ဖရိုဖရဲနဲ့ရှိနေခဲ့သည်လေ...။

တကယ်တော့ လက်သည်ကဘယ်သူလဲဆိုတာ
Kit လည်းသိနေခဲ့ပါသည်။
ထို့အတူဖေဖေနဲ့မေမေလည်းသိနေခဲ့သည်။
ဒါပေမယ့်လည်း......

Toe က Kit နဲ့ဘဝတူမွေးစားခံခဲ့ရတဲ့ကလေးတစ်ယောက်ပဲမဟုတ်လား...။

Short Story(zawgyi & Unicode )Où les histoires vivent. Découvrez maintenant