""""""
"""""""""""""""
Min ရဲ့မြောက်များလှစွာသောဆူပူမှုတွေအောက်ခေါင်းမဖော်နိုင်လောက်အောင်နေခဲ့ရပြီးမှာတော့သူတို့ရဲ့အိမ်ပြန်ချိန်တွေရောက်လာခဲ့သည်။
သူ့အကျၤ ီအတွင်းအိတ်ထဲမှာတော့
Min တစ်ယောက်သူ့ကိုယ့်သူအမွန်းတင်ပြီးသကာလှပေးခဲ့တဲ့ ဟိုအထုပ်တွေ....။
Kit သူ့နူတ်ခမ်းတွေကိုမိုးထိတော့မတတ်ဆူထော်ထားလိုက်ပြီး ဦးငယ်ကိုဥပေက္ခာပြုထားလိုက်သည်။
ဒါတွေအားလုံးကဦးငယ်ကြောင့်ပဲ...။လမ်းတစ်လျှောက်လုံးဦးငယ်ကသူ့မျက်နှာကိုအရိပ်တကြည့်ကြည့်လုပ်နေခဲ့တာသူ့မျက်လုံးထောင့်ကနေမြင်နေရတာကြောင့် သူ့စိတ်ကလေးပျော့ချင်လာပေမယ့်လည်းပြန်တင်းထားလိုက်တယ်...။
အိမ်ရောက်တော့ ဦးငယ်က သည်းမခံနိုင်တော့သည့်အလားသူ့လက်တစ်ဖက်ကိုအသာအယာဆွဲယူလာတော့ရဲ့...။
"Kit.... တစ်ခုခုဖြစ်လာတာလား...ဘယ်သူဘာပြောခဲ့လို့လဲ..ဟမ်...''
ဦးငယ်ကိုလုံးဝကိုစကားမပြောချင်တဲ့ပုံနဲ့တစ်ခြားတစ်ဖက်ကိုမှက်နှာလှည့်လိုက်ပေမယ့်ဦးငယ်လက်ထဲရောက်နေတဲ့သူ့လက်ကိုတော့ရုန်းမဖယ်မိခဲ့ဘူး...။
ဦးငယ်ရဲ့လက်ဖဝါးပြင်ကနွေးတယ်..။
သူ့ကိုလုံခြုံသွားသလိုခံစားရစေတယ်။"Kit....Kit မပြောရင်ကိုယ်ကသိရမှာမဟုတ်ဘူးလေ..
ကိုယ့်ကိုစိတ်ဆိုးတာလား..မင်္ဂလာ ပွဲမှာပစ်ထားမိလို့လား...ကိုယ်က ကလေးကိုသူငယ်ချင်းတွေနဲ့လွတ်လွတ်လပ်လပ်စကားပြောရအောင်ထားခဲ့မိတာပါကွာ...နော်...''".........''
"Kit........''
"ဦးငယ်ကိုမုန်းတယ်....ဒီညအပြင်မှာပဲအိပ်...''
"ဟောဗျာ....ဘယ်လိုဖြစ်လို့......''
ဘာကြောင့်မှန်းတော့မသိ။
စိတ်ရဲ့စေစားရာအတိုင်း အကျၤ ီအိတ်ထဲကဗူးကိုဆွဲထုတ်ပြီးဦးငယ်ရဲ့ရင်ဘတ်ကိုပစ်ပေါက်ထားခဲ့လိုက်တယ်..။
အိပ်ခန်းတံခါးကိုအကြမ်းပတမ်းနဲ့ပိတ်ပစ်လိုက်ဖို့လည်းမမေ့ဘူး။ဦးငယ်ကသူ့ကိုခပ်မြန်မြန်ပဲလာချော့လိမ့်မယ်လို့ထင်မိခဲ့ပေမယ့်
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့်ဦးငယ်ကိုပိုစိတ်ဆိုးမိပြန်ရော...။