12

11.2K 1.9K 93
                                    

Zawgyi

အပိုင်း - ၁၂ : ကျွန်တော့်အသဲကိုပဲ အကြိမ်ကြိမ်ခွဲနေလိုက်တော့!

"ဒါဆို ဒီနေ့လူခွဲကြမယ်... Wings က ငါးယောက်၊ ထွဋ်တေဇရယ်၊ မင်းဆုမြတ်ရယ်နဲ့ မင်းဆုမြတ်သူငယ်ချင်းကလည်း ဆော့တတ်တယ်ဆိုတော့ စုစုပေါင်း ရှစ်ယောက်... ငါတို့ထဲက နှစ်ယောက်ကလည်း ဆော့တတ်တယ်..."

ခေါင်းဆောင်ဖြစ်သူကောင်လေးသည် နောက်တစ်နေ့တွင် ပြောလေ၏။ တစ်ဖက်နှင့်တစ်ဖက်သည် မျက်လုံးများဖြင့်သာ အသိအမှတ်ပြုကြသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့။ အထူးသဖြင့် ထွဋ်တေဇ၊ မင်းဆုမြတ်နှင့် နွေးရတီ။

ဒီသုံးယောက်ကဘာများဖြစ်ကြပါလိမ့်။ အရင်နေ့မနက်တုန်းက အကောင်းကြီးပါ။

အဖွဲ့ခေါင်းဆောင်လူငယ်လေးသည် သူတို့သုံးဦးကြားမှ အနေခက်နေသည့် အနေအထားကို ခံစားရမိသော်လည်း မည်သည့်စကားတစ်ခွန်းမှမဆို။ သူ့ရဲ့ကြော်ငြာကိစ္စကိုပဲ သူ စိတ်ဝင်စားတယ်။ ကလေးတစ်သိုက်ရဲ့လူမှုဆက်ဆံရေးကိစ္စတွေကို သူ စိတ်မဝင်စားဘူး။

"ဒီနေ့အပိုင်းမှာ နှစ်ခုရှိတယ်... ပထမအပိုင်းက ထွဋ်တေဇတို့ရဲ့ Streaming... ဒုတိယအပိုင်းက Wings နဲ့ ကျန်တဲ့လူတွေနဲ့ရဲ့ပွဲကို Stream တာ... အရမ်းကြီးခက်ခဲတာတော့ မဟုတ်ပါဘူး အဆုံးမှာ ဒီဖုန်းကို သုံးရတာ ဘယ်လိုကောင်းကြောင်း ကြေငြာရုံပဲ... ဒါကို နားလည်တယ်မဟုတ်လား အစ်ကိုတို့က နှစ်ပွဲပဲဆော့ရမှာ..."

"အင်း..."

ဇွဲမင်းထက်သည် ထူးဆန်းနေသည့် သူသုံးယောက်ကို နောက်မှမေးတော့မည်ဟုသာ ရည်ရွယ်လိုက်တော့သည်။ တစ်ညလုံး သူမေးနေတာလည်း ရမှမရခဲ့ဘဲကို။

ထိုသို့ဖြင့် ပထမပိုင်းအနေဖြင့် သူတို့သည် Stream ဖို့အတွက်လုပ်လေတော့သည်။

"အားလုံးပဲမင်္ဂလာပါခင်ဗျာ..."

Streaming စသည်နှင့် မင်းဆုမြတ်၏ အသံစာစာလေးသည် ထွက်လာခဲ့သည်။

"Usagi ပါ..."

ထိုသို့ဖြင့် ရိုက်ကူးရေးသည်စတင်ခဲ့လေ၏။

"အခု ကျွန်တော်နဲ့အတူတူ ရှိနေတဲ့သူကတော့..."

ကင်မရာသည် တစ်စုံတစ်ယောက်ဆီသို့ ရောက်သွား၏။ ဝံပုလွေမျက်နှာဖုံးနှင့်ယောကျာ်းပျိုတစ်ဦး။

Beloved Hyung [Own Creation]Where stories live. Discover now