17

11.7K 1.8K 102
                                    

Zawgyi

အပိုင်း - ၁၇ : စိတ်တိုစရာကောင်းတဲ့ကောင်စုတ်လေး။

"မင်း..."

မင်းဆုမြတ်ကို ထူးဝေအောင်သည် ဘာပြောရမှန်းမသိတော့စွာကြည့်သည်။ နှစ်ဦးသား မင်းဆုမြတ်အိမ်တွင် စာအတူတူ လုပ်ဖြစ်ကြရင်းမှ မင်းဆုမြတ်သည် ဘယ်အချိန်ကယူခဲ့မှန်းမသိသည့် ထွဋ်တေဇနှင့်သူ့ကြားမှ ဒုတိယအနမ်းအကြောင်းကို ပြောပြဖြစ်ခြင်းဖြစ်သည်။ ပုစ္ဆာတစ်ပုဒ်အဖြေရှာနေရင်းမှ ထောက်ခနဲ ထူးဝေအောင်၏ ခဲတံသည်ပင် ကျိုးသွားခဲ့ရသည်။ ထူးဝေအောင်တစ်ယောက် 'မင်း' ဟူသည့် စကားခွန်းမှအပ အခြားပြောစရာစကား ရုတ်တရက် ရှာမတွေ့ဖြစ်ခဲ့။

"ဘာလဲ..."

"မင်းကို ဟိုက မတွန်းလွှတ်လိုက်ဘူးလား..."

"အေး... ငါလည်း ဒါကိုပဲ ပြောချင်နေတာ..."

ဆင်ထားသည့်အကွက်ထဲဝင်သွားသည့်အချိန်တွင် မင်းဆုမြတ်တစ်ယောက် သူ့ပေါင်ကိုသူ ရိုက်ကာ အားတက်သရော ထူးဝေအောင်ကို လှည့်ကြည့်သည်။

သွားပြီ... စာတော့မလုပ်ဖြစ်လောက်တော့ဘူး...

ထူးဝေအောင်သည် စိတ်ထဲတွင်သာ မှတ်ချက်ချလိုက်နိုင်၏။

အပြင်ပန်းကြည့်လျှင်တော့ ထူးဝေအောင်သည် မင်းဆုမြတ်ကို လိုက်ထိန်းကာ ရင့်ကျက်သယောင်ရှိသော်လည်း နှစ်ဦးတည်းရှိသည့်အချိန်တွင် မင်းဆုမြတ်သည် ထူးဝေအောင်ကို နိုင်စားနိုင်လွန်းကာ သူက မင်းဆုမြတ်၏ ဦးဆောင်ရာနောက်သို့ ပါသွားရတတ်စမြဲ။သူ၊ ထူးဝေအောင်က မင်းဆုမြတ် ဘာပြောပြော ဘာလုပ်လုပ် လိုက်ထောက်ခံကာ လုပ်ပေးတတ်သည်။ မင်းဆုမြတ်အတွက်သာ အန္တရာယ်မရှိဘူးဆိုလျှင်ပေါ့။

"မင်းကလည်း စာကို အာရုံမထားစမ်းပါနဲ့ အနားနီးရင် ငါပြန်ပြောပြမယ်..."

ရုပ်ကြည့်လျှင်သာ မထင်ရတာ။ မင်းဆုမြတ်သည် အမှန်တကယ် ဥာဏ်ကောင်းပြီးတတ်မြောက်လွယ်သည့် ကောင်ကလေးတစ်ဦးဖြစ်သည်။ ဖြတ်ထိုးဥာဏ်လည်းကောင်းကာ ထိုကောင်လေးသည် စာကိုမည်သို့လွယ်လွယ်ကျက်ရမည်ဆိုသည်ကိုလည်း ကောင်းကောင်းသိ၏။ မင်းဆုမြတ်က ဂိုက်တစ်ယောက်လိုတယ်... ထိုစကားသည် မုသားသာဖြစ်သည်။

Beloved Hyung [Own Creation]Where stories live. Discover now