22

12K 1.8K 18
                                    

Zawgyi

အပိုင်း - ၂၂ : အပ်ကြောင်းထပ်မေးခွန်း။

"ဘာလို့ ကိုကိုက ဒီလောက်တောင် လိုက်ရခက်တာလဲ..."

"မင်းတို့ တွဲနေတာမဟုတ်ဘူးလား..."

ရေချိုးပြီးကာစ ထွက်နေသည့် ထူးဝေအောင်၏ ကိုယ်နံ့မှဆပ်ပြာနံ့ကို တရှုံ့ရှုံ့လုပ်နမ်းကာ မင်းဆုမြတ်သည် မျက်စောင်းထိုး၏။

"ငါတို့ တွဲနေတာ ဆိုပေမဲ့ ဒါက အမည်ခံပဲလေ... အမည်ခံပဲ... အိုက်... ကိုကိုက သိပ်ကိုမူနိုင်လွန်းတယ်..."

"ငါ့အိမ်မှာ ညစာစားမှာမလား..."

"ဒါပေါ့ ဒီနေ့အိမ်မှာ ငါ့ဦးလေးတို့ လင်မယားရောက်နေတဲ့ဟာကို..."

"အင်း..."

"လူကြီးတွေကလည်း တကယ်အာရုံ... တစ်ချိန်လုံးအဖိုးနဲ့အဖွားခြံကိုပဲ မျက်စောင်းထိုးနေကြ... မိဘဆိုတာ ပိုက်ဆံလောက်အရေးမပါတော့ဘူးလား..."

ထူးဝေအောင်သည် ခေါင်းရေသုတ်နေရင်းမှ မင်းဆုမြတ်ကို ကြည့်ကာ...

"သူတို့လည်း အခက်အခဲရှိလို့နေမှာပေါ့..."

"ထူးထူး... မင်းက ငါ့ကိုသာ ကာကွယ်တာနော်... တခြားသူတွေနဲ့ဆို အရမ်းကို မင်းက လိုက်လျောလွယ်လွန်းတယ်..."

ထူးဝေအောင်သည် မင်းဆုမြတ်ကို မျက်ပေတုံဖြင့်သာ ကြည့်သည်။

"ပျော့တိပျော့ဖတ်မနေစမ်းပါနဲ့ လူကြီးတွေက အမြဲတမ်း မမှန်နေပါဘူး..."

မင်းဆုမြတ်၏ မျက်လုံးများသည် ထူးဝေအောင်၏ လည်တိုင်သို့ ဘာရယ်မဟုတ်ရောက်သွားခဲ့သည်။

"သြော်သြော် ညနေတုန်းက မင်းက အရမ်းသာယာခဲ့တယ်ပေါ့..."

"အမ် ဘာကိုလဲ..."

"လည်ပင်းက အမှတ်... သေချာလေးဖုံးလိုက်ဦး..."

လည်ပင်းကိုလက်နှင့် ဖတ်ခနဲအုပ်ကာ မျက်နှာရဲသွားသည့် ထူးဝေအောင်ကိုကြည့်ပြီး မင်းဆုမြတ် မျက်နှာကို မဲ့၏။ လောကကြီးက မတရားလိုက်တာ... သူနဲ့ထွဋ်တေဇက အရင်တွေ့တာဖြစ်ပြီး ထူးဝေအောင်နဲ့ဇွဲမင်းထက်က အရင်အဆင်ပြေနေကြတယ်။

Beloved Hyung [Own Creation]Where stories live. Discover now