28

11.5K 1.6K 54
                                    

Zawgyi

အပိုင်း - ၂၈ : အချိန်တစ်နှစ်ပဲပေးမယ်။

သူတို့၏အပြန်လမ်းသည် တိတ်ဆိတ်လျက်။ ထွဋ်တေဇသည် သူ ဘယ်လိုသိလဲ မမေးသလို မင်းဆုမြတ်သည်လည်း တစ်လမ်းလုံးစကားမဆိုခဲ့။ သူတို့သည် မှန်ပြတင်းဘေးတွင် ထိုင်ကာသာ အပြင်သို့ကြည့်နေဖြစ်ခဲ့ကြသည်။

ကားသည် ခြံဝန်းငယ်တစ်ခုရှေ့တွင် ရပ်သွားခဲ့၏။ တစ်ဖက်တစ်ချက်စီမှာ သူတို့ဆင်းလိုက်ခဲ့ကြသည်။ ကားသမားကိုက ထွဋ်တေဇမှ ကျသင့်ငွေကို အရင်ပေးလိုက်သဖြင့် မင်းဆုမြတ်သည် စကားရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ သူ့ခြံတံခါးသော့ကိုသာ သူ ဖွင့်လေ၏။

"ဘာဖြစ်လို့ စကားမပြောတာလဲ..."

အနောက်မှလိုက်လာသည့် ထွဋ်တေဇကို သူ လှည့်ကြည့်သည်။

"ကိုထွဋ်တေဇကရော ကျွန်တော်မေးတာ ဘာလို့မဖြေတာလဲ..."

ထွဋ်တေဇ၏ မျက်ခုံးများသည် တွန့်ချိုးသွားသည်။ မေးတာကို မဖြေလို့စိတ်တိုတာလား။ နောက်ပြီး သူ့ကို ထွဋ်တေဇလို့ နာမည်အပြည့်အစုံတပ်ခေါ်တာကြီးကို သူ သဘောမကျပါဘူး။

"ဟုတ်တယ် နွေးရတီ မင်္ဂလာဆောင်မှာ... ဒါပေမဲ့ အခုချက်ချင်းကြီးတော့ မဟုတ်သေးပါဘူး..."

ထွဋ်တေဇသည် ဟုတ်တိုင်းမှန်ရာကိုသာ ဝန်ခံ၏။

"သြော်..."

မင်းဆုမြတ်က ဘာတွေဖြစ်နေတာလဲ။

"မင်း ဘာဖြစ်နေတာလဲ..."

ခြံထဲဝင်သွားသည့် ကောင်လေးနောက်မှ လိုက်ဝင်လာရင်း သူ မေးခွန်းထုတ်ပြန်သည်။ အခု သူတို့ ပုံမှန်ပြန်ဖြစ်သွားရမှာ မဟုတ်ဘူးလား။ ဒီကောင်လေးမေးတာကို သူ ဖြေပြီးပြီလေ။

အိမ်တံခါးသော့ဖွင့်နေသည့် ကောင်ကလေးသည် သူ့ကို လှည့်ကြည့်လာ၏။ ခပ်စိမ်းစိမ်းကြည့်နေသည့် မျက်ဝန်းများကိုလည်း သူ သဘောမကျပြန်။

"မင်း ဘာဖြစ်နေတာလဲ..."

ဒီစကားကို သူ မေးနေရတာ ဘယ်နှစ်ခါလောက်ရှိနေပြီလဲ။ အခုချိန်ထိ ဒီကောင်လေးက သူ့ကိုအဖြေတစ်ခု မပေးသေးဘူး။

Beloved Hyung [Own Creation]Where stories live. Discover now