Zawgyi
အပိုင်း - ၂၉ : ထူးခြားနေမှု။
မင်းဆုမြတ်တစ်ယောက် အကြီးအကျယ်စဉ်းစားနေခဲ့သည်။ လက်တစ်ဖက်ဖြင့် ပါးကိုထောက်၊ မျက်ခုံးတို့တွန့်ချိုး၊ အခြားလက်တစ်ဖက်ဖြင့် ရေညှိဖတ်ကိုကိုင်ကာ ပါးစပ်မှတကျွတ်ကျွတ်ဝါးကာ စဉ်းစားနေခဲ့၏။
"ဘာဖြစ်နေတာလဲ မင်းက..."
ထူးဝေအောင်ကို မင်းဆုမြတ်သည် မျက်လုံးထောင့်ကပ်ကြည့်၏။
"ငါ စဉ်းစားနေတာ..."
"အင်း..."
"ကိုကိုက တစ်နေ့တစ်ခြား ထူးဆန်းလာတယ်..."
"နောက်အသစ်တွေ့နေတာလား?"
ထူးဝေအောင်သည် မျက်နှာရှစ်ခေါက်ချိုးဖြင့် မေးလေ၏။ ဒီ ထွဋ်တေဇကို သူ နည်းနည်းမှ မယုံဘူး။ ဒါကြောင့် ဒီငနဲသား ထူးဆန်းနေတယ်ဆိုရင် အသစ်တွေ့နေတာပဲ ဖြစ်ရမယ်။
မင်းဆုမြတ်၏ မျက်နှာသည် အိုစာသွားတော့သည်။
"ဖောက်ပြန်နေတဲ့ယောကျာ်းတွေက သူတို့မိန်းမတွေကို အရင်ကထက်ပိုကြင်နာလာတယ် ဆိုတဲ့စကားက အမှန်လား..."
ပါးနှစ်ဖက်ကိုကိုင်ကာ တွန့်လိမ်နေသည့် မင်းဆုမြတ်ကို ထူးဝေအောင်ကြည့်၏။
"ဘာ... ဘာရယ်..."
"အပြင်မှာဖောက်ပြန်နေတဲ့ ယောကျာ်းတွေကလေ အိမ်ကမိန်းမရိပ်မိမှာစိုးလို့ သူတို့မိန်းမတွေကို ပိုကြင်နာတတ်လာတယ်တဲ့..."
"အမ်..."
ထူးဝေအောင်၏ အံ့သြနေသည့် မျက်နှာကိုသူကြည့်သည်။ ခေါင်းကိုတဆတ်ဆတ်ညိတ်၍ ထူးဝေအောင်၏ လက်များကို သူ ဆုတ်ကိုင်၏။
"ငါပြောတာ အမှန်နော်... နောက်နေတာမဟုတ်ဘူး..."
"ဘယ်ကဖတ်လာတာလဲ..."
"ဇာတ်လမ်းတွေထဲက..."
"ချီးလား!သွား ပေါက်တတ်ကရတွေ..."
မင်းဆုမြတ်ကို ငေါက်ငမ်းပြီး ထူးဝေအောင်သည် တစ်ဖက်လှည့်သွား၏။
"စာမေးပွဲကြီးဖြေရတော့မှာ နည်းနည်းလောက် အလေးအနက်ထားလို့မရဘူးလား..."
YOU ARE READING
Beloved Hyung [Own Creation]
RomanceI love you so much. All you need to do is accept me. Mature content on just because of a few chapters. I don't want to put on Mature tab because of ppl think this work include a lot smutty things. But still I've to because of two or three chapters...