32

13.3K 1.6K 53
                                    

Zawgyi

အပိုင်း - ၃၂ : စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီးမဆုံးဖြတ်ရဘူး။

ညသည် တိတ်ဆိတ်လျက်။ လရောင်သည် ပင်လယ်ပြင်နှင့်ကမ်းခြေတွင် ဖြာကျနေခဲ့၏။ လူခြေတိတ်နေသည့် သောင်ပြင်။ ဝရန်တာတစ်ခု။

"ကိုကို..."

ဝရန်တာပေါ်တွင်တော့ လူရိပ်နှစ်ခု။ အသံတိုးတိုးသဲ့သဲ့လေးသည် အသက်ရှူကာ သူနှင့်မျက်နှာချင်းဆိုင်ရှေ့တွင်ရှိသည် လူပေါ်သို့မှီကျလာလေ၏။ တစ်ဖက်သူသည် ချစ်စဖွယ်နာမ်စားဖြင့် သူ့ကိုခေါ်လာသည့် ကောင်လေး၏ စိုစွတ်နေသော နှုတ်ခမ်းများကို လက်မဖြင့်အသာဖိကိုင်သည်။ အိနေသည့် အောက်နှုတ်ခမ်းများက ခပ်ဖူးဖူး။

ထိုကောင်လေးကို သူ ချီမကာ ဝရန်တာပေါ်သို့တင်၏။ သေချာထိန်းကိုင်ထားကာ ထိုကောင်လေး၏ ဖူးယောင်နေသည့် နှုတ်ခမ်းများကို ထပ်ဖူးယောင်စေရန်သူပြုသည်။ အကြောက်အလန့်မရှိသည့် ကောင်ကလေးသည်လည်း သူ့အနမ်းများကို တုံ့ပြန်လေ၏။

တရှိုက်မတ်မတ်။

လှိုင်းပုတ်သံသည် ညအချိန်တွင် ခမ်းနားထည်ဝါစွာထွက်လေ၏။

"အေးတယ်..."

နှာခေါင်းထိပ်ချင်းထိကပ်ထားချိန်တွင် ခေါင်းစိမ်းလေးသည် အသက်ရှူမှန်အောင်မနည်းပြုနေရသည့် အသံမျိုးဖြင့်ပြောလေသည်။

"အင်း..."

သေးကွေးသည့်ပဲစေ့လေးကို သူ ချီလေ၏။ အိပ်ယာထက်တွင် အသာချတော့ ထိုကောင်လေးသည် ဝေဝေဝါးဝါးသူ့ကို ကြည့်နေခဲ့သည်။

"အာ... အ... အဆင်ပြေပါ့မလား..."

တီရှပ်အောက်ထဲသို့ လျှိုဝင်လာသည့် လက်ဖဝါးကြီးကြီးအောက်တွင် ကော့တက်လာရင်းမှ ငိုသံစွက်သည့် အသံမျိုးဖြင့် အစိမ်းရောင်ဆံပင်ဖြင့် ကောင်ကလေးသည် မေး၏။

"ဘာလို့လဲ..."

သူ့လည်တိုင်ထက်သို့ ပွတ်သပ်နေသည့် နှုတ်ခမ်းသည် ရပ်သွားကာ စကားသံထွက်လာခဲ့သည်။ အခါတိုင်းပင် အသံက သူ့ကိုပျော့ခွေစေမတတ်ဆွဲဆောင်နိုင်ချိန်တွင် ယခုလို အနေအထားမျိုးတွင်တော့ သူ့ခံစားချက်တို့ ပွင့်ထက်လာသည်က အမှားတော့မဟုတ်။

Beloved Hyung [Own Creation]Where stories live. Discover now