34

12.8K 1.6K 22
                                    

Zawgyi

အပိုင်း - ၃၄ : ဒုတိယည။

ချစ်တတ်သောထွဋ်တေဇသည် အလွန်ပင်ကြင်နာတတ်သည်။ သူ ဘာလုပ်လုပ် အရုပ်လိုငြိမ်ခံခဲ့သည့် အမျိုးသားသည် သူ့ကိုညဘက်တွင် ဆိုင်ကယ်တစ်စီးဖြင့် လျှောက်ခေါ်သွားလေ၏။ သူတို့ ညဈေးတန်းပတ်ကာ မုန့်စားကြသည်။ ကံကောင်းသည်က သူတို့လာသည့်အချိန်တွင် ပွဲဈေးတန်းရှိနေသဖြင့် လူများလေသည်။ ဘယ်သောအခါမှ အဖိုးအဖွားများကို ဂျီတိုက်ကာ ပွဲဈေးမသွားခဲ့သည့် သူသည် ယနေ့ပွဲဈေးတွင်တော့ ပျော်ရွှင်ခဲ့ရသည်။

စားချင်တာစား၊ လုပ်ချင်တာလုပ်ရန် ထိုအမျိုးသားသည် ခွင့်ပြုပေးခဲ့သည်။ ရောက်နေသည့် မြို့လေးသည် အပူချိန်မြင့်သည့် မြို့မို့ သူတို့သည် ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားရ၏။ လူကြီးထဲတွင် ထိုအမျိုးသားသည် သူ့လက်ကို ဆုတ်ကိုင်ထားပေးခဲ့သည်။

ဒီအခြေအနေဟာ အိပ်မက်လို့တော့ မပြောလိုက်ပါနဲ့။ မဟုတ်ရင် အိပ်မက်ကနိုးတာနဲ့ သူ ရူးသွားလောက်တယ်။ မင်းဆုမြတ်သည် စိတ်ထဲတွင် တွေးနေခဲ့သည်။

"ရှိုးပွဲကြည့်ချင်သေးလား..."

မြို့တော်မှလာမည့် အဆိုတော်များကိုကြော်ငြာထားသည့် ဆိုင်းဘုတ်ကို ညွှန်ပြကာ ထွဋ်တေဇသည် သူ့ကို မေးလာလေ၏။

"ကိုကိုက ဆူညံတာတွေကြိုက်လို့လား..."

တစ်ခါလေးတောင် ရှိုးပွဲမကြည့်ဘူးခဲ့သည်မို့ ကြည့်ချင်သော်လည်း မင်းဆုမြတ်သည် ထွဋ်တေဇ မကြိုက်လျှင်တော့ မလုပ်ချင်ပေ။ ထွဋ်တေဇသည် သူ့လက်ကိုဆွဲကာ ရန်ပုံငွေရှိုးပွဲလက်မှတ်ရောင်းနေသည့် လူငယ်များထံသို့ လျှောက်သွားလေ၏။ ယောကျာ်းလေးနှစ်ယောက် လက်တွဲထားသည်မို့ လက်မှတ်ရောင်းနေသည့် ကောင်လေးသည် အနည်းငယ် ဆွံ့အသွားသော်လည်း ချက်ချင်းပင် မျက်နှာပြင်ကာ သူတို့ကို ပြုံးပြလာလေသည်။

"နှစ်စောင်လား..."

"အင်း နှစ်စောင်..."

ကျသင့်ငွေကိုရှင်းပြီးသည်နှင့် သူတို့နှစ်ဦးသည် အထဲသို့ဝင်လာလေ၏။ နယ်မြို့လေး၏ ရှိုးပွဲက အရမ်းသားသားနားနားတော့မဟုတ်။ ကမ်းနားဘက်တွင်မို့ သူတို့သည် မြစ်နှင့်တော့ နီးသည်။ အကာအရံလက်တန်းပေါ်ကိုမှီကာ မမြင်ရသည့် ညရှုခင်းကို မင်းဆုမြတ်ကြည့်လေ၏။ အနောက်မှ သူ့ကို ဖက်ကာ ခေါင်းပေါ်သို့ မေးတင်လာသည့် ထွဋ်တေဇကြောင့် သူ ပြုံးသည်။

Beloved Hyung [Own Creation]Where stories live. Discover now