Part (2)

3.9K 165 2
                                    

ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် ခွဲခြားတံခါး ထဖွင့်ပေးရသည်။ လင်းသူရ၏ အခန်းတွင် ခွဲခြားတို့ သူငယ်ချင်း ငါးယောက် အမြဲဆုံနေကြဖြစ်သည်။
အခုလည်း ဖဲရိုက်နေသော ထိုကောင်များက ထဖွင့်ပေးမည့်ပုံ မပေါ်တာကြောင့် ခွဲခြားကပဲ ထဖွင့်ပေးရတော့သည်။

"ဪ ညီလေး ၀င်လေ"

အခန်းရှေ့မှာ ရပ်နေသော ကောင်လေးကိုတွေ့တော့ ခွဲခြားအပေါက်၀မှာ ရပ်နေရာက ဖယ်ပေးလိုက်သည်။ အခန်းတစ်ခန်းကို နှစ်ယောက်နေနိုင်သည်လောက်သာ ကျယ်သည်မို့ လူခြောက်ယောက်ဖြစ်နေတော့ ကြမ်းပြင်မှာ ထိုင်စရာ မရှိတော့ပေ။ အခန်းအတွင်းတွင် နံရံ တစ်ဖက်တစ်ချပ်စီက ကုတင်နှစ်လုံးရှိသည်ကြောင့် အလယ်တွင် နေရာသိပ်မကျယ်။ လင်းသူရနှင့် မြတ်ဘုန်းမောင်က တစ်ကုတင်ထဲ အိပ်သည်မို့ ကျန်ကုတင်တွင် အ၀တ်များ ပစ္စည်းများ တင်ထားလေသည်။ ထို့ကြောင့် ၀င်လာသော နွမ်းခါးကို ခွဲခြားက သူထိုင်နေသည့် ကုတင်ပေါ်သာ ခေါ်လိုက်ရသည်။

"ကုတင်ပေါ်လာထိုင်လေ"

"ဟုတ် အကို ဟိုလေ အိမ်က ကျွန်တော့ကို မုန့်တွေ အများကြီး ၀ယ်ပေးသွားတာ အကိုတို့ စားဖို့ယူလာတယ်"

ညအိပ်၀တ်စုံလက်တို ၀မ်းစက်ကို spiderman ပါသော ကာတွန်းရုပ်လေးတွေနဲ့ ၀တ်ထားပြီး ဘောင်းဘီဒူးလောက်သာ ရှည်တာကို၀တ်ထားတာကြောင့် ကလေးတစ်ယောက် မုန့်ဘူးတွေသယ်လာတာနှင့်ဆင်နေသည်။ မျက်မှန်ဝိုင်းကိုလည်း အခုထိ တပ်ထားတုန်း။ ခြေသလုံးဖြူဖြူလေးတွေကလည်း မိန်းကလေးများထက်လှပြီး အမွှေးအမျှင်ပင်မရှိ။

"အကို အာလူးချောင်းကြော်စားမလား"

အာလူးချောင်းကြော်အထုတ်လေးကို ခွဲခြားကိုပေးတော့ ခွဲခြားကပြုံးပြလိုက်ပြီး

"ကျေးဇူးပဲ ညီလေး"

ကျန်အထုတ်များကို နွမ်းခါးက အောက်တွင်ထိုင်နေသော လူများကို ပေးလိုက်သည်။

"ညီ မိတ်ဆက်ပေးမယ် ဒါက ကျော်ဇော သူက စိုင်းဂျာအောင်တဲ့ သူကတော့ မြတ်ဘုန်းမောင်တဲ့ အကိုတို့က တစ်မေဂျာထဲပဲ ဒီကလေးက  E major first year က နွမ်းခါးရာရ်ဇင်တဲ့ ဟိုဘက်ခန်းမှာနေတာ တစ်ယောက်တည်းမို့ ပျင်းရင်‌လာနေဆိုပြီး ခေါ်ထားတာ"

Close To....You (Completed)Where stories live. Discover now