Part (20)

2.4K 108 5
                                    

"ဒီကလေးရဲ့ ဇာတာက မကောင်းဘူးပဲ မင်းနဲ့တွေ့တာ သူကံကောင်းတာများလား"

"ဘာဖြစ်လို့လဲ ဆရာ"

အရှေ့တွင်ရှိနေသော အညိုရောင် ၀တ်စုံ ဆင်မြန်းထားသည့် ပုဂ္ဂိုလ်ကို မျက်လုံးညိုညို ဝိုင်းဝိုင်းကြီးတွေ ဖြင့် ‌မော့ကြည့်၍ မေးနေသော ကောင်လေးမှာ မျှော်လင့်ချက်အပြည့်ဖြင့်။

"သူ့မှာ လာမယ့်သုံးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးနိုင်တဲ့ ကံ ဇာတာပါတယ်"

"သူ့ကို ဆရာကယ်ပေးလို့ မရဘူးလားဟင်"

အညိုရောင်၀တ်စုံဖြင့် အဘိုးအိုက ခဏ စဉ်းစားပြီးနောက်တွင်

"ငါကတော့ ကယ်လို့ မရဘူး မင်းကတော့ ရချင်ရမှာပေါ့"

"ရတယ် ဘာနည်းပဲ သုံးရသုံးရ ကျွန်တော် လုပ်မယ် ဆရာ"

"အဲ့ဒါက ထင်သလောက် မလွယ်ဘူး ပြီး‌တော့ မင်းကငယ်သေးတယ် ဒါတွေ စိတ်မကူးနဲ့"

"ကျွန်တော် ငယ်သေးတာ မှန်ပါတယ် မရင့်ကျက်‌တာတော့ မဟုတ်ပါဘူး ကျေးဇူးပြုပြီး ကူညီပါ သူသေတာကို မြင်ရတာထက် ကိုယ်တိုင်ပဲ သေလိုက်ချင်တယ်"

"အင်း လူငယ်တွေရဲ့ အချစ်စိတ်ကလည်း အဆိပ်လိုပဲ သောက်မိတာနဲ့ ‌သွေးအန်တတ်တယ် မကောင်းမှန်းသိရဲ့သားနဲ့လည်း ဇွတ်တရွတ်နိုင်လိုက်တာ"

"ဘာပဲဖြစ်ဖြစ် ဆရာရယ် အကို့ကို ကယ်ပေးပါနော် ကျွန်တော့ကို ဘာပဲခိုင်းခိုင်း လုပ်ပါ့မယ်"

"ယောကျာ်းလေးချင်းချင်း ချစ်ကြိုက်မိသတဲ့ အင်း ရှေးယခင်ကလည်း ရှိခဲ့ဖူးတော့ ကံကြမ္မာကိုပဲ ပုံချရတော့မှာပေါ့ ကံချည်လိုက်ပါ ကလေး ဒါဆို မင်းချစ်တဲ့သူနဲ့ မင်းက ကံကို တူတူ ခံစားလို့ ရတာပေါ့"

ကံချည်ခြင်း အမှုကို မတွန့်မဆုတ် ထိုကောင်လေးက လက်ခံခဲ့သည်။ မွေးနေ့ မွေးရက်တို့ကို ပေါင်း၍ ကံချည်ခြင်း ပြီးမြောက်သောအခါ လူနှစ်ဦးတို့သည် ကောင်းခြင်းဆိုးခြင်းကို အတူတကွ ခံစားကြရသည်။ တစ်ဦးတွင် ကြီးမားသော ဆုံးရှုံးမှု ရှိလျှင် ကျန်တစ်ဦးက မျှခံစားပေးရသဖြင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းလေဖြစ်သည်။ ဤနည်းဖြင့် တစ်ယောက်သောသူအား မျက်၀န်းညိုပိုင်ရှင်ကောင်လေးက ကယ်တင်ချင်ခဲ့သည်။

Close To....You (Completed)Where stories live. Discover now