Part (22)

2.3K 113 3
                                    

ကားဖြူလေးတစ်စီး အဝေးပြေးလမ်းမပေါ်တွင် မောင်နှင်းနေသည်။ တည်နေရာက အတိတ်က ပျော်စရာများ ကိန်းအောင်းနေသို့ အင်း၀ဌာနီသို့။

ရွာလေးထဲသို့ ၀င်လာချိန်တွင် မန်ကျည်းပင်များ အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသည်ကိုတွေ့ရသည်။ အရိပ်လည်းကောင်း၍ လူလည်း ပါးသည်။

"ဒီနေရာလား"

"ဟုတ်ကဲ့"

အပင်အောက်တွင် ကားကိုရပ်ကာ ခြံ၀င်းထဲရှိ အိမ်ကို လှမ်းကြည့်ရင်း ခွဲခြားမေးလာသည်ကို နွမ်းခါး ခေါင်းညိတ်၍ ဖြေလိုက်သည်။ နှစ်ဦးသား အတွင်းကို ၀င်သွားတော့ နွမ်းခါးသည် ကြောက်စိတ်ကြောင့် လက်များ တုန်ရီနေသည်။
ထိုဦးလေးကို နွမ်းခါး မျက်နှာချင်း မဆိုင်ရဲပါ။

ထိုစဉ် အိမ်ထဲမှ မိန်းမတစ်ယောက် ထွက်လာတော့ နွမ်းခါးက

"ဒီအိမ်က ဦးမင်း ကို တွေ့ချင်လို့ပါ ခင်မျ"

"ဪ ဖေဖေလား အဖေဆုံးတာ တစ်နှစ်လောက်ရှိပြီလေ သားရဲ့ မသိလိုက်ဘူးလား"

"ဗျာ ဟို ဟုတ်ကဲ့ မသိလိုက်ဘူး ခင်မျ"

"အင်း ကံပေါ့ သားရယ် ဒါနဲ့ ဘာကိစ္စရှိလို့လဲ"

"ဟုတ်ကဲ့ အန်တီ ကျွန်တော်တို့ ဦးလေးကို မေးစရာလေး ရှိလို့ပါ ဆုံးသွားပြီ ဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ ကျွန်တော် တို့ကို ခွင့်ပြုပါဦး"

ခွဲခြားက ကြားထဲကနေ ၀င်ပြောလိုက်ပြီး လှည့်ထွက်သွားလေသည်။

"ဒါဆို သွားလိုက်ပါဦးမယ် အန်တီ"

"ဪ အေးအေး ဟုတ်ပြီ ဖြည်းဖြည်းမောင်းကြနော် ဒါနဲ့ သားနာမည်က"

"နွမ်းခါးရာရ်ဇင်ပါ ခင်မျ"

နွမ်းခါး အပြုံးလေးဖြင့် ဖြေလိုက်ပြီး ဒုတိယအကြိမ် နှုတ်ဆက်လိုက်သည်။
ကားနားကိုရောက်တော့ ခွဲခြားက ကားကိုမှီကာ ရပ်နေသည်။

"အကို ဘာသောက်ဦးမလဲ ကျွန်တော် လမ်းမှာ စားဖို့ တစ်ခုခု သွား၀ယ်လိုက်ဦးမယ်"

နွမ်းခါး၏ ပြောစကားကို မတုံ့ပြန်သေးဘဲ ခွဲခြားက ‌စီးကရက်ကို ထုတ်ကာ မီးညှိ၍ ရှိုက်လိုက်သည်။ ပြီးမှ ခေါင်းညိတ်ပြလာသည်။ နွမ်းခါး သွားဖို့ ပြင်ပြီးမှ ပိုက်ဆံအိတ်က စက်ရုံက ကားပေါ်မှာ ကျန်ခဲ့မှန်း သတိရသည်။

Close To....You (Completed)Where stories live. Discover now