"အကို ကျွန်တော့ကို ပြောစရာရှိတယ်ဆို"
အတွေးတို့နှင့် ငေးမောနေစဉ် နူးညံ့သော လူသားလေးထံမှ မေးခွန်းကို လက်ခံရရှိလေတော့ ခွဲခြားအပြုံးနှင့်တုံ့ပြန်မိသည်။ ကားလေးကို ဘေးသို့ ထိုးရပ်လိုက်ကာ နွမ်းခါးမျက်နှာလေးကို စူးစမ်းသလိုကြည့်၍
"နဒီမြင့်မိုရ်နဲ့က စေ့စပ်ထားကြတာလား"
ခွဲခြား ထိုမေးခွန်းကို မေးချင်နေခဲ့သည်မှာ ရှေ့ဆက်ဖို့ အဖြေစကားကို လိုအပ်သည်ဟု ထင်ခဲ့၍ ဖြစ်သည်။
နွမ်းခါးက ပြုံး၍သာ ခေါင်းငုံ့နေတာကြောင့် ခွဲခြားစိတ်တွင် မချင့်မရဲ ဖြစ်ရသည်။"သူကတော့ လက်ထပ်မယ်ပြောတာပဲ ဟားဟား ကျွန်တော်လည်း ကိုယ့်အစွမ်းအစနဲ့ မရမယ့်အတူတူ သူ့ကိုပဲ ယူလိုက်တာကောင်းမယ်လို့ တွေးမိတယ် လုံးလုံးလေးအတွက်လည်း အဆင်ပြေတာပေါ့"
နွမ်းခါး ခေါင်းလေးကို အသာကုတ်၍ ခပ်ဟဟ ရယ်ကာ ပြောလိုက်သည်။ ဘယ်တတ်နိုင်မှာလဲ ဒါအမှန်တရားပဲကို။
"ညီ သူ့ကို ချစ်လို့လား"
"အချစ်က အရေးမကြီးဝောာ့ပါဘူး အဓိကက လုံးလုံးလေး အဆင်ပြေရင် ရပါတယ်"
"လုံးလုံးနဲ့ အဆင်ပြေသလို မင်းနဲ့လည်း အဆင်ပြေဖို့လိုတယ်လေ"
"ကျွန်တော့အတွက်ဆို အချစ်မရှိလည်း ဖြစ်ပါတယ် ကျွန်တော့အတွက်က မဆန်းဝောာ့ပါဘူး အကိုပြောစရာရှိတာကိုပဲ ပြောပါ ကျွန်တော့အတွက်မပူပါနဲ့"
မပူပါနဲ့တဲ့။ သူ့အတွက် အပူပင်တတ်ဆုံးကျွန်တော့ကို သူပြောရက်တယ်။ သဘာ၀ကို ဆန့်ကျင်ရမယ့် အလုပ်ကို အရင်ကတော့ ကျွန်တော်ရှက်ရင် ရှက်လိမ့်မယ်။ နွမ်းခါးဆိုတဲ့ သူ့အတွက် တလောကလုံး ရှုံ့ချရင်တောင် ကျွန်တော့အချစ်တွေနဲ့ မျက်နှာမငယ်အောင် ထားပေးနိုင်တယ်။
"ကိုယ့်အတွက် သိပ်အရေးပါလို့ပါ မင်းသူ့ကို လက်ထပ်ဖို့ဆုံးဖြတ်တဲ့အခါ တကယ်ပဲ အချစ်မပါခဲ့ဘူးလား"
အကို့ရဲ့ မျက်၀န်းတွေက လေးလေးနက်နက် ရှိတယ်။ စကားတစ်ခုံးချင်းစီတိုင်းက ကျွန်တော့ နှလုံးသား တသိမ့်သိမ့် လှုပ်ခတ်စေတယ်။ အမြဲကျွန်တော့ကို ကျောပေးခဲ့တဲ့ အကိုက အခု မျက်နှာချင်းဆိုင်ကနေ ကျွန်တော့မျက်၀န်းတွေကို စိုက်ကြည့်နေသလို ခံစားရစေတယ်။
YOU ARE READING
Close To....You (Completed)
Fanfictionချစ်နေမိလို့ နာကျင်ခံစားရမှာစိုးလို့ လက်လွှတ်ပစ်မယ့်လူထဲမှာ ငါမပါဘူး ငါကချစ်မိတာနဲ့ အပိုင်ရဖို့ပဲကြိုးစားမှာ #ခွဲခြား သူကျွန်တော့ကို မချစ်ဘူး ဒီအတိုင်း ကစားချင်ရုံပဲ #နွမ်းခါး