Part (34)

2.3K 102 0
                                    

တစ်နေ့လုံး လုံးလုံးနှင့်ဆော့လိုက် ချစ်ရသူမျက်နှာထိုင်ကြည့်လိုက် အလုပ်လုပ်လိုက်ဖြင့် အချိန်တွေ ကုန်ဆုံးပြီး‌နောက် မိုးချုပ်လာပြီဖြစ်တာကြောင့် ခွဲခြားပြန်ရတော့မည်ဖြစ်သည်။

"အကို ကားကို ဖြေးဖြေးမောင်းနော်"

"အွန်း အိမ်ပြန်လက်ဆောင် မပေးတော့ဘူးလား"

"ဪ ညစာစားဖို့ တစ်ခုခုထည့်ပေးလိုက်ရမလား"

မိမိဆိုလိုသည်က တခြား နွမ်းခါးက အဓိပ္ပါယ်ကောက်သည်က တလွဲမို့ ညစာစားရန်ဆိုပြီး အထုတ်ကြီး အထုတ်ငယ် ပြင်ဆင်ပေးနေဝောာ့ ခွဲခြားခေါင်းသာ ကုတ်လိုက်သည်။ တစ်ခါမှ ရည်းစားမထားဖူးတဲ့ အဖြူဆင်လေးဆိုတော့လဲ လွဲတဲ့အခါလည်း လွဲမှာပေါ့။

"ရပြီအကို ပေါင်မုန့်ကြက်ဥကြော်ရယ် နွားနို့ပူပူလေးရယ် အပျင်းပြေစားဖို့ အာလူးကြော်ထုတ်ရယ် sandwichရယ် ထည့်ပေးထားတယ် ဘာယူသွားဦးမလဲဟင်"

"ကိုယ့်အချစ်‌ကို ထည့်ယူသွားဖို့ အိတ်ကြီးကြီးလေး တစ်လုံးလောက်ပေးလေ"

အထုတ်လေးကမ်းပေးလာသည့် နွမ်းခါးဆီက အထုတ်ကိုမယူပဲ ခါးလေးကို လှမ်းဖက်၍ နားဘေးသို့ ကပ်ကာ ပြောလိုက်တော့ ‌ကောင်လေးက ရှက်သွေးဖြာလို့။ အိမ်အကူ မိနွယ်နှင့် အန်တီမြတို့ကလည်း မမြင်ချင်ယောင်ဆောင်ကာ မီးဖိုချောင်ထဲသို့ ပြန်၀င်သွားသည်။

"အကိုနော် မနောက်နဲ့တော့ အပြင်မှာ လျှပ်စီးတွေလက်နေတယ် မိုးရွာတာနဲ့တိုးရင် ကားမောင်းမရဖြစ်နေဦးမယ် ပြန်တော့လေ"

"ဖြေးဖြေးနှင်ပါ ကိုယ့်အချစ်ရယ် အခုပဲ ပြန်တော့မလို့ပါ နည်းနည်းလောက် နမ်းပါရစေဦး"

ခါးလေးကို အလွတ်မပေးပဲ တင်းကြပ်စွာဖက်၍ ပါးလေးကို ငုံ့နမ်းလိုက်သည်။ နဖူးပေါ်တွင်လည်း အနမ်းတစ်ချက်ပေးလိုက်ပြီးမှ လွှတ်ပေးလိုက်ကာ အထုတ်ကို ယူလိုက်သည်။

ကံမကောင်းချင်တော့ ခွဲခြားအိမ်အပြင်ထွက်တာနဲ့ မိုးစရွာလာသည်။

"တော်ပြီတော်ပြီ အကိုမပြန်‌နဲ့တော့ အိမ်မှာပဲ အိပ်တော့ နေပြည်တော်က မိုးရွာရင် အရမ်းသည်းတယ် အကိုရဲ့ ကားမောင်းလို့ရမှာ မဟုတ်ဘူး လမ်းတွေချော်မှာ စိုးတယ် လာလာ အထဲပြန်၀င်"

Close To....You (Completed)Where stories live. Discover now