Part (27)

2.3K 103 1
                                    

ဂူ၀မှာ ရေစက်ကျသံများကို ကြားနေရသည်။ ငှက်သံ တကျိကျိကလည်း တောအုပ်၏ အေးချမ်းမှုကို ဖော်ပြနေသယောင်။ ခွဲခြားနိုးလာ‌တော့ ရင်ခွင်ထဲမှာ ကလေးလေးကို ပိုက်၍ နွမ်းခါးက အိပ်မော ကျနေသည်။ ကျောက်သားနံရံကို ခေါင်းမှီထားသည့် ကောင်လေးက ကလေးတစ်ဦး၏ အသားရည်အတိုင်း နူးညံ့၍ အိစက်နေသည်။ ဟိုးအတိတ်က နေ့ရက်များတွင်လည်း ထိုကောင်လေး၏ ဘေးတွင် ခွဲခြားအကြိမ်ပေါင်းများစွာ နိုးထဖူးသည်။ ဖြစ်နိုင်လျှင် ဒီတိုင်းလေးပဲ မျက်စိအောက်မှာ ထားချင်သည်။ ဒီကောင်လေး တစ်ခုခုဖြစ်နေပြီလို့ သိလိုက်ရတိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရပေါင်းများပြီ။

"ခွဲခြားရေ ခွဲခြား မင်းတို့ အထဲမှာ‌လား"

အပြင်ကနေ လင်းသူရ၏ အော်ခေါ်သံကိုကြားတော့ ခွဲခြားနိုးလာသည်။ နွမ်းခါးကတော့ အိ‌ပ်ပျော်နေစဲပင်။

လင်းသူရ ဂူထဲ၀င်လာတော့ ပေစုတ်နေသည့် လူသားနှစ်ယောက် ကလေးလေးတစ်ယောက်နှင့် နွမ်းလျစွာ ထိုင်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။ အစက စိတ်ပူနေပေမယ့် တစ်ခါမှ စုတ်တီးစုတ်ပြတ် မနေဖူးသော အသန့်ကြိုက်သည့် သူနှစ်ဦး စစ်ဘေးကြောင့် လူရုပ်မပေါက်တော့သည်ကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရသည်။ သို့သော် ယခုအချိန်က စနောက်ရန် ကောင်းသည့် အချိန်မဟုတ်ပေ။

"နွမ်းခါးကို နှိုးလိုက်တော့ ငါ‌တို့ ဟို ရှေးဟောင်းသုသေသနအဖွဲ့နဲ့ တွေ့လို့ မင်းတို့ကို ဒီမှာ ရှာဖို့ပြောလိုက်ကြလို့ လာတာ ပြန်စို့ စစ်ပွဲ ပြေငြိမ်းခွင့် ဒီနေ့ယူမယ် ကြားတယ်"

ပြောလည်းပြော လင်းသူရက နွမ်းခါးကို ဆွဲထူ၍ နှိုးလေသည်။ နိုးလာသော နွမ်းခါးက အရင်ဆုံး အလန့်တကြားရှာသည်မှာ လက်ထဲက ကလေးလေးကိုပင်။ အဖွဲ့ထဲက တစ်ဦး ချီထားသည်ကို မြင်မှ သက်ပြင်းလေးချကာ

"ကလေးကို နို့‌တိုက်ဖို့လိုနေတယ် သူဖျားလည်းဖျားနေတယ်"

"အေးပါ စခန်းရောက်ရင် အဆင်ပြေပါပြီ"

နွမ်းခါးက ကလေးလေးကို သံယောဇဉ်တွယ်မိနေပြီ ဖြစ်သည်။ ကိုယ်တိုင်မွေးပေးခဲ့၍ ကိုယ်တိုင် စောင့်ရှောက်ပေးခဲ့ရသည့် ကလေးလေးကို နွမ်းခါး ချစ်မြတ်နိုးသည်။

Close To....You (Completed)Where stories live. Discover now